ရန်ကုန်မြို့တွင် ဈေးအချို့ကိုCovid 19 ကူးစက်ရောဂါကာကွယ်ရေးအတွက်ပိုးသတ်ဆေးဖြန်း

ရန်ကုန်မြို့တွင် ဈေးအချို့ကိုCovid 19 ကူးစက်ရောဂါကာကွယ်ရေးအတွက်ပိုးသတ်ဆေးဖြန်း
ဓာတ်ပုံ - နောင်နောင်

မတ်လ ၂၁။              ။ ကမ္ဘာ့နိုင်ငံအများအပြားကိုပျံ့နှံ့ကူးစက်နေသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကိုကြိုတင်ကာကွယ်သည့်အနေဖြင့်ရန်ကုန်မြို့ကဈေးအချို့ကိုပိုးသတ်ဆေးဖြန်းနေပြီဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon အဖွဲ့ကရန်ကုန်မြို့ရှိပုဇွန်တောင်ဈေးမှ အသားတန်း၊ ငါးတန်းကိုမတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ပိုးသတ်ဆေးဖြန်းခဲ့ခြင်း ဖြစ်ပြီးမနက် ပိုင်းကရော ဂါကြိုတင်ကာကွယ်ရေးလူထုအသိပညာပေးမှုများပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌဦးမြင့်မြတ်သူကအခုနောက်ဆုံးကမ်ပိန်းဖြစ်တဲ့ ကျွန်တော်တို့ ဒါအသား၊ ငါးတန်းတွေကိုပေါ့နော်။ ဈေးတွေကိုဆေးဖြန်းတာမဟုတ်ပါဘူး။ ရှင်းအောင်ကျွန်တော် တခါ တည်းပြောတာ။ အသား၊ ငါးတွေမနက်ပိုင်းတစ်ချိန်ရောင်းပြီးတော့ သူတို့နားနေတဲ့အချိန်မှာ ကျွန်တော်တို့ အသား၊ ငါးတန်းတွေကိုဆေးဖြန်းတာ။ တစ်ဈေးလုံးအတိုင်းအတာတော့ မဟုတ်ဘူးပေါ့။ဟုပြောသည်။

ဓာတ်ပုံ - နောင်နောင်

အဆိုပါဖြန်းသည့် ပိုးသတ်ဆေးသည် ပုံမှန်ဖြန်းနေကျ ပိုးသတ်ဆေးထက် အနည်းငယ်ပိုမိုပြင်းထန်ကြောင်းလည်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌဦးမြင့်မြတ်သူကပြောသည်။

အခုကတော့ ကျွန်တော်တို့ သုံးထားတာကပွင့်ပွင့်လင်းလင်းပြောရရင်တော့ လက်ရှိအနေအထားတော့၊ အရင်ပုံမှန်အနေအထားထက်တော့၊ သုံးထားက ရွှေတောင်ကြီးတော့ လက်ရှိသုံးထားတယ်။ ထပ်ပြီးတော့လည်း ကျွန် တော်တို့ ကိုရိုရင်းတွေဘာတွေလည်းဆက်ဖြန်းဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ် ဒါတစ်ပိုင်းအနေနဲ့ ဖြန်းတာပေါ့နော်။ဟု၎င်းကပြောသည်။

ယင်းအပြင် ရန်ကုန်မြို့ရှိကြက်ဘဲဈေးကိုမတ်လ ၂၀ ရက်နေ့တွင် ပိုးသတ်ဆေးဖြန်းခဲ့ပြီးဗဟိုစံပြငါးစေျးကိုတော့ မတ်လ ၁၈ ရက်နေ့ကပိုးသတ်ဆေးဖြန်းခဲ့ကြသည်။

ဓာတ်ပုံ - နောင်နောင်

ကမ္ဘာ့နိုင်ငံအများအပြားမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် နေ့စဉ်လူသေဆုံးမှုမြင့်တက်လာနေခြင်းလည်းဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားသောထိုရောဂါကိုကြိုတင်ကာကွယ်ဖို့အတွက် လက်ကိုစင်ကြယ်စွာဆေးကြောဖို့၊ Mask အသုံးပြုတပ်ဆင်ဖို့ လိုအပ်ပြီးလူထူထပ်သည့် နေရာများကိုရှောင် ကြည်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။

လက်ရှိမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံအထိပျံ့နှံ့ကူးစက်နေပြီးကူးစက်ခံရသူပေါင်း၂၃၀၀၀၀ ကျော်နှင့် သေဆုံးသူ၁၀၀၀၀ ကျော် အထိရှိနေပြီလည်းဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံမှာလည်းထိုရောဂါကူးစက်မပြန့်ပွားအောင် လူစည်ကားသည့် နေရာများနှင့်ဘတ်စ်ကားမှတ်တိုင်များမှာလူထုအသိပညာပေးမှုနဲ့ လက်ဆေးဘေစင်တွေကိုပါ မြို့တော်စည်ပင်နှင့် လူမှုပရဟိတ အဖွဲ့အချို့ကအရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြသည်ကိုတွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly