ခြေတု၃၀၀အခမဲ့တပ်ဆင်ခြင်းကို အိန္ဒိယမှJAIPUR FOOTနှင့်ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်းလှုဒါန်း

ခြေတု၃၀၀အခမဲ့တပ်ဆင်ခြင်းကို အိန္ဒိယမှJAIPUR FOOTနှင့်ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်းလှုဒါန်း
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

မတ်လ ၂၁။            ။ အိန္ဒိယ နိုင်ငံ Jaipur မြို့ရှိ JAIPUR FOOT (Bhagwan Mahaveer Viklang Sahayata Samaiti) နှင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး တတိယအကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံရှိ မသန်စွမ်းများအား ခြေတု ၃၀၀ကို ၂၀၂၀ မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်အထိအခမဲ့ တပ်ဆင်ပေးသွားမည် ဖြစ်သည်။

ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါ် သန်းသန်းနု က“တတိယအကြိမ်မြောက်ခြေတုတပ်ဆင်ခြင်းပါ။ ၂၅၀ ဆိုပေမယ့် ၃၀၀ ဖြစ်မှာပါ။ ပထမအကြိမ်က ၃၀၀ကျော် တပ်တယ်။

ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ဒုတိယအကြိမ်မှ၅၀၀ကျော်တပ်ပေးနိုင်ပါတယ်။ သူကစာရင်းယူထားရင် ယူထားသလိုပါ။ အခုလည်းအများကြီးရှိပါတယ်။ ဒီမှာကလည်း ရောဂါတွေဖြစ်နေကြတော့ ၂၅၀ ၊ ၃၀၀ လောက်နဲ့ရပ်လိုက်တာပါ “ ဟု သတင်းမီဒီ ယာများကိုဖြေကြားခဲ့သည်။

အခမဲ့ခြေတုများတပ်ဆင်ပေးခြင်းအခမ်းအနားကိုမတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင်ပြုလုပ်ခဲ့ပြီးအိန္ဒိယသံရုံးမှတာဝန်ရှိသူများ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အလှူရှင်များ နှင့် ခြေတုတပ်ဆင်ထားသည့် မသန်စွမ်းများလည်းတက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ဆက်လက်ပြီး ဒေါ်သန်းသန်းနု က “ပထမဆုံး ခြေတုတပ်ပေးနိုင်တာ အင်မတန် ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ခြေတုအတပ်ခံရတဲ့ကာယကံရှင်တွေ နဲ့မိသားစုဝင်တွေလည်း အင်မတန်ပဲ ပျော်ရွှင်ရပါတယ်။

သူတို့မျက်နှာတွေက သူတို့ဘယ်လောက်ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ် “ ဟု ပြောကြားခဲ့သည်။

BMVSS , Jaipur FOOT ,India နှင့် ဦးနု ဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်းလှူဒါန်းကြသည့် ခြေတုလက်တုတပ်ဆင် ပေးခဲ့သည်မှာ ပထမအကြိမ်တွင် ခြေတု လက်တု ပေါင်း ၃၄၀ ၊ဒုတိတယအကြိမ်တွင် ခြေတု ၅၅၀  နှင့် တတိယအကြိမ်တွင် ခြေတု ၃၀၀ခန့် တပ်ဆင်ပေးသွားမည် ဖြစ်သည်။   ယခုအဖွဲ့အစည်း၏ခြေတုတပ်ဆင်ပေးရသူများထဲတွင်   ဆီးချိုရောဂါကြောင့် ကိုယ့်အင်္ဂါဖြတ်တောက်ရသူ အများဆုံးဖြစ်ကြောင်း သိရသည်။ လာရောက်တပ်ဆင်ကြသူများထဲတွင် သက်ကြီးရွယ်အိုများ ၊ မွေးရာပါများနှင့်တပ်မတော်သား များလည်းပါဝင်ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly