Junction City အရှေ့၌ လဲကျသွားသည့်အမျိုးသားမှာ အတက်ရောဂါကြောင့်ဖြစ်ဟု လွှတ်တော်ကိုယ်စား လှယ်ပြော

Junction City အရှေ့၌ လဲကျသွားသည့်အမျိုးသားမှာ အတက်ရောဂါကြောင့်ဖြစ်ဟု လွှတ်တော်ကိုယ်စား လှယ်ပြော

မတ်လ၂၁။                   ။ ရန်ကုန်တိုင်းဒေသကြီး၊ပန်းဘဲတန်းမြို့နယ်ရှိ Junction City အရှေ့ လဲကျသွားသည့်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြောင့်မဟုတ်ဘဲအတက်ရောဂါကြောင့် လဲကျခြင်းဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးထံက သိရသည်။

လမ်းမတော်မြို့နယ် ၂၇လမ်းနှင့် Junction City ရှေ့တွင်နေ့လည်၁၂နာရီခွဲခန့်ကလဲကျသွားသူမှာဂျပန်နိုင်ငံသား ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးကျောက်တံတားမြို့နယ်အတွင်းက ကုမ္ပဏီတစ်ခုမှာအလုပ် လုပ်နေ သူဖြစ်သည်။ 

“ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လှမ်းပြီးအကြောင်းကြားတော့ သူတို့လည်း သတင်းလိုက်နေတယ်။ ကနဦးသတင်းကတော့ ဝက်ရူးပြန်ပြီးတော့ လဲတာလို့ပြောတယ်။ သေချာအသေးစိတ်စုံစမ်းပေးဖို့ သက်ဆိုင်ရာကို အ ကြောင်း ကြာထားပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က မဇ္စျိမသို့ ပြောသည်။

လဲကျသွားသူသည်ဂျပန်နိုင်ငံမှမြန်မာနိုင်ငံကိုရောက်ရှိနေသည်မှာ သုံးပတ်ခန့်ရှိနေပြီဖြစ်ပြီးခန္ဓာကိုယ်အပူချိန်မှာလည်း ပုံမှန်အတိုင်းသာရှိကြောင်းသိရသည်။

၎င်းကိုဆေးရုံသို့ ပို့ဆောင်သော်လည်း၎င်းဆန္ဒအရကျောက်တံတားမြို့နယ်အတွင်းက ကုမ္ပဏီကိုသာကားငှားပြီးပြန်သွားကြောင်းသိရသည်။

ပန်းဘဲတန်းမြို့နယ်၊အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက “ ရဲတပ်ဖွဲ့ကတော့ ဆေးရုံကို ပို့လိုက်တယ် လို့ သိရပါတယ်။ အဲဒီလောက်ပဲ သိရသေးတယ်။ ဝက်ရူးပြန်ရောဂါကြောင့်လဲကျသွားတယ်လို့တော့ သိရပါ တယ်။” ဟု ဦးမြင့်ဦးက ပြောသည်။

ယနေ့(မတ်လ ၂၁ရက်)နံနက်ပိုင်းက Junction City သို့လာရောက်သည့် အမျိုးသားတစ်ဦး နောက်ပြန်လဲကျ ခဲ့သည်ကို လုံခြုံရေးတာဝန်ယူထားသူများက ပြုစုကုသပေးသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွင် ပျံနှံလာ ခဲ့သည်။

ထိုသို့ ဗွီဒီယိုဖိုင်းပျံနှံလာမှုကြောင့် အများပြည်သူနှင့်လူမှုကွန်ရက်သုံးစွဲသူများကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကမူ “Junction City နားမှာ ခုလေးတင် ဖြစ်သွားတယ်ဆိုတဲ့ video အတိုလေး တက်လာတာ တွေ့ပါတယ်။လောလောဆယ် သုံးသပ်ချက် အရဆိုလျှင် ဒါဟာ အတက်ရောဂါ Epilepsy နဲ့ တူပါတယ်။” ဟု သူ၏ လူမှုကွန်ယက်  စာမျက်နှာ ကနေ ပြောကြားသည်။

ထိုသို့COVID-19 နှင့်ပတ်သက်ပြီး သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုကို မယုံကြရန် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID-19 အကြောင်းနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ ထည့် တွင်း ပြောကြားထားသည်။

ကမ္ဘာ့နိုင်ငံ ၁၇၀ကျော်တွင် COVID  -19 ကူးစက်ပျံနှံနေပြီး သေဆုံးသူ ၁၀၀၀၀ကျော်ရှိနေပြီးဖြစ်ကာ မြန်မာနိုင်ငံ တွင်လည်း ရောဂါပိုးမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required