မြောက်ကိုရီးယားက ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်

မြောက်ကိုရီးယားက ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်

မတ်လ ၂၁။              ။ မြောက်ကိုရီးယားနိုင်ငံဟာ စနေနေ့က တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တဲ့ ဒုံးကျည်နှစ်စင်းကို အရှေ့ဖက်ကမ်းရိုးတန်းကနေ ပင်လယ်တွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဒီ ဒုံးကျည်တွေကို မြောက်ပိုင်းပြုံအန်းပြည်နယ်ကနေ ဂျပန်ပင်လယ်ထဲ ပစ်လွှတ်လိုက်တာ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက အသေးစိတ် မဖော်ပြဘဲ ထုတ်ပြန်ပါတယ်။

“တောင်ကိုရီးယား စစ်တပ်အနေဖြင့် နောက်ထပ် ပစ်လွှတ်မှုကို စောင့်ကြည့်နေပြီး အသင့်ရှိနေကြောင်း။” ယင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်ဖွယ်ရှိတဲ့ အရာကို ပစ်လွှတ်ခဲ့ကြောင်း ပြောပြီး ဂျပန်ပိုင်နက်ရယ်၊ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်နယ်မြေထဲ ကျရောက်တဲ့ လက္ခဏာမ ရှိဘူးလို့ ထပ်လောင်းပြောပါတယ်။

ဒီလအစောပိုင်းကလည်း နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ နေရာနှစ်ခုကနေ အလားတူ ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ ပစ်လွှတ်တဲ့ ဒုံးကျည်တွေဟာ တာဝေးပစ်ဒုံးကျည်တွေ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပေမယ့် ဂျပန်နိုင်ငံကတော့ ပဲ့ထိန်းဒုံးတွေ ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly