ဒုတိယမြောက်နေ့အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိကြောင်း တရုတ် ကြေညာ

ဒုတိယမြောက်နေ့အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိကြောင်း တရုတ် ကြေညာ

မတ်လ ၂၁။            ။ တရုတ်နိုင်ငံမှာ လူသေဆုံးစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိတာဟာ ဆက်တိုက် ဒုတိယမြောက်နေ့ သောကြာနေ့မှာ ကူးစက်မှု မရှိကြောင်း ကြေညာနိုင်ပေမယ့် ယင်း ဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေရတာကတော့ ပြည်ပမှ ပြန်လာသူတွေမှာ ကူးစက်သူတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခုလို ကိုရိုနာကူးစက်မှု လျှော့ချနိုင်တာဟာ အဝင်အထွက်တွေ ပိတ်ထားရတဲ့ ကျန် ကမ္ဘာ့နိုင်ငံတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လည်း ဖြစ်သလို ဗိုင်းရပ်စ်အရေးမှာ တရုတ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို နည်းယူစရာလည်း ဖြစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာလည်း တရုတ်နိုင်ငံမှာ နှေးကွေးကျဆင်းလျက် ရှိနေပြီး အမျိုးသားကျန်းမာရေး ကော်မရှင်က သောကြာနေ့မှာ ကိုရိုနာကြောင့် သေဆုံးသူ သုံးဦးသာ ရှိတယ်လို့ သတင်းထုတ်ပြန်တာကြောင့် ဇန်နဝါရီလက ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ကြောင်း တရားဝင်ကြေညာပြီးနောက်ပိုင်း အနည်းဆုံး နှုန်းထားပဲ ဖြစ်ပါတယ်။

ကိုရိုနာကပ်ဘေးဟာ အာရှကနေ ဥရောပဆီ ကူးစက်ပျံ့နှံ့ပြီး ကြာသပတေးနေ့အထိ တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ ၃၂၄၈ ဦး ရှိတာကြောင့် သေဆုံးသူ ၃၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ်စတင်တဲ့ တရုတ်နိုင်ငံထက် သေဆုံးသူ ပိုများခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၈၁၀၀၀ နီးပါး ရှိနေပေမယ့် COVID – 19 ရောဂါကြောင့် နာမကျန်းဖြစ်သူဟာ ၇၀၀၀ အောက်သာ ရှိပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ ပြည်ပကနေ ကူးစက်မှုတွေ ထပ်ဖြစ်လာမယ့် ရောဂါဒုတိယလှိုင်း ရင်ဆိုင်ကြုံတွေ့မှာကို စိုးရိမ်နေဆဲ ဖြစ်တာကြောင့် ပေကျင်းအပါအဝင် ဒေသအချို့မှာ နိုင်ငံတကာက လာရောက်သူတွေကို ၁၄ ရက်ကြာ ရောဂါခြေချုပ်အဖြစ် ထားရှိလျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly