သစ္စာမေတ္တာကြောင့် ကပ်ရောဂါ မကျရောက်ဘဲ ရွေးကောက်ပွဲ အောင်မြင်မည်ဟု ကော်မရှင်အဖွဲ့ဝင်ပြော

သစ္စာမေတ္တာကြောင့် ကပ်ရောဂါ မကျရောက်ဘဲ ရွေးကောက်ပွဲ အောင်မြင်မည်ဟု ကော်မရှင်အဖွဲ့ဝင်ပြော

နေပြည်တော်၊ မတ် ၁၉

ကမ္ဘာတွင် ကျရောက်နေသည့် ကိုရိုနာ ကပ်ရောဂါသည် သစ္စာမေတ္တာကြောင့် မြန်မာနိုင်ငံတွင် မဖြစ်ပွားဘဲ လာမည့် ရွေးကောက်ပွကြို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

မတ်လ ၁၉ရက်နေ့ နေလည်က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် မည်သည့်သက်ရောက်မှုရျိသနည်း မည်ကဲ့သို့ ပြင်ဆင်ထားသနည်းဟု မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် မဲလက်မှတ်များကို အဖြူရောင် သုံးမည်ဖြစ်ကာ ရွေးကောက်ပွဲအသုံးစာရိတ်အတွက် ငွေကျပ် ဘီလီယံ ၅၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးခင်မောင်ဦး ကပြောသည်။

လက်ရှိတွင် အခြေခံ မဲ စာရင်ကောက်ခံထားမှု အခြေအနေ အရ ပြည်တွင်းတွင် မဲပေးခွင့် ရှိသူ အရေအတွက် သည် မတ်လ ၃ ရက်နေ့ ၏ စာရင်းအရ ၃၇ သန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။ လာမည့် ရွေးကောက်ပွဲကို မည်သည့်အချိန်တွင်ကျင်းပမည်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိဘဲ ယခင်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲများနည်းတူ ကျင်းပမည် ဟုသာ ဦးမြင့်နိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required