သီပေါမြို့မှ COVID 19 စောင့်ကြည့်လူနာနှင့် လိုက်ပါပို့ဆောင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီယာဉ်မောင်းတို့၏ နေအိမ်ကို ဝင်၊ထွက်ခွင့် ပိတ်ထား

သီပေါမြို့မှ COVID 19 စောင့်ကြည့်လူနာနှင့် လိုက်ပါပို့ဆောင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီယာဉ်မောင်းတို့၏ နေအိမ်ကို ဝင်၊ထွက်ခွင့် ပိတ်ထား

မတ်လ ၁၈ရက်။                ။ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၀အ ရွယ် လူငယ်တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် သီပေါပြည်သူ့ဆေးရုံတွင် ကုသပေးလျှက်ရှိကြောင်း နှင့် လက်ရှိတွင် ၎င်းစောင့်ကြည့်လူနာနေထိုင်ခဲ့သည့် နေအိမ်ကို လူဝင်၊ထွက်ခွင့် ပိတ်ထားကြောင်း သီပေါပြည် သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒာဝင်း ကပြောသည်။

ထို့ပြင် ၎င်းကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာသည် တရုတ်နိုင်ငံမှ သီပေါမြို့သို့ပြန်လည်ရောက်ရှိလာစဉ် နေ အိမ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူနှင့် ၎င်း၏မိသားစုဝင်တို့ ကိုလည်း နေအိမ်ဝင်၊ထွက်ခွင့် ပိတ်ထားကြောင်း သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒာဝင်းက ဆို သည်။

“ တရုတ်နိုင်ငံက ပြန်လာတယ်။ ပြီးတော့ ဖျားတယ်။ချောင်းဆိုးတဲ့အတွက် စောင့်ကြည့်လူနာအဖြစ် ဆုံးဖြတ်ရ ပါတယ်။ အရင်ဆုံး အဲဒီအိမ်ကလူတွေကို အပြင်မထွက်ခိုင်းတော့ဘူး။ သတင်းပေးတဲ့ ဆိုင်ကယ်ကယ်ရီမောင်း တဲ့ကလေးကို ကျေးဇူးတင်ပေမယ့် ထိတွေ့သွားတာ ဖြစ်တဲ့အတွက် သူ့မိသားစုမှာလည်း အန္တရာယ်ရှိသွားပြီ။ သူတို့ကိုလည်း အိမ်ထဲကနေ အပြင်မထွက်ခိုင်းတော့ ဘဲအိမ်ထဲမှာပဲ နေခိုင်းထားပါတယ်။” ဟု သီပေါပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းက မဇ္စျိမသို့ ပြောသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအား ဆေးသွင်းခြင်းလုပ်ငန်းများကို မတ်  ၁၇ ရက်တွင် နှစ်ကြိမ်၊မတ်  ၁၈ရက်တွင် တစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ထိုသို့ဆေးသွင်းခြင်း၊ဆေးကုသြခင်းများ ကြောင့် လူနာမှာသက်သာလာပြီး အောက်စီဂျင်အကူအညီမပါဘဲ နေနိုင်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းက ကပြောကြားသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည်လူနာသည် တရုတ်ပြည်၊ကွေ့ကျုံးမြို့မှ သီပေါမြို့သို့  မတ် ၁၇ရက် က တရားမဝင်လမ်းကြောင်းမှတဆင့်  ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ၎င်းလူနာကို တာဝန်သိ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူက သတင်းပေးခဲ့ခြင်းကြောင့် စောင့်ကြည်လူနာအဖြစ် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ခြင်း ဖြစ်ကြောင်း  နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမောင်မျိုး က ပြောကြားသည်။

 “သူက တရုတ်ပြည်ဘက်ကနေ အလုပ်လုပ်ပြီးပြန်လာတာ။ အသက်က ၂၀လောက်ရှိမယ်။ တရုတ်နိုင်ငံကနေ သီပေါကို ကားနဲ့ပြန်လာတယ်။ သီပေါရောက်တော့ ဆိုင် ကယ်ကယ်ရီနဲ့ အိမ်ကိုပြန်တယ်။ အဲဒီအချိန်မှာ သူက ကိုယ်အရမ်းပူနေတယ်။ နေမကောင်းတဲ့ပုံစံဖြစ်နေတော့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူကတော့ ကျွန်တော်တို့ ကိုအကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ဆေးရုံအုပ်ကြီးနဲ့တိုင်ပင်ပြီး ဆေးရုံအုပ်ကြီးညွှန်ကြားတဲ့အ တိုင်း စီမံဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ အသင်းကားနဲ့ပဲ ဆေးရုံကို မနေ့က မတ်လ ၁၇ရက်က ပို့လိုက် တာပါ” ဟု နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမောင်မျိုး က ပြောသည်။

သီပေါပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည်လူနာများတွေ့ရှိပါက ထားရှိနိုင်ရန် ရေချိုးခန်း၊ အိမ်သာများ ပါဝင်သည့် သီးသန့်ခန်း နှစ်ခန်းကို ပြင်ဆင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း COVID 19 ကူးစက်ခံထားရသူမရှိသေးသော်လည်း သက်ဆိုင်ရာဆေးရုံအသီးသီး တွင် ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းဆဲနှင့် စောင့်ကြည်လူနာ ၉ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၁၇ရက် ည၈နာရီက ကြေညာထားသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly