COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ကိုယ်စားလှယ်များအား အပူချိန်စစ်ဆေး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ကိုယ်စားလှယ်များအား အပူချိန်စစ်ဆေး

နေပြည်တော်၊ မတ် ၁၈

COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား အပူ ချိန်တိုင်းတာစစ်ဆေးခြင်းကို မတ်လ ၁၈ရက်နေ့ မနက်က စတင်ဆောင်ရွက်ခဲ့သည်။

“အသက်ရှုူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည် ထောင် စုလွှတ်တော်ကိုယ်စားလှယ်များအား အပူချိန်တိုင်းတာစစ်ဆေးပေးရန် အစီအစဉ်ကို မနက်ဖန်မှာ စတင် ဆောင် ရွက်ရန်လျာထားပါတယ်။” ကြောင်း ညွှန်ကြားရေးမှူးချုပ် က မတ်လ ၁၇ ရက်နေ့ လွှတ်တော်အပြီးတွင် ကြေညာခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွက် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဝန်ထမ်း အဖွဲ့ (၅)ဖွဲ့ဖြင့် စိစစ်ဆေး ကောင် တာများအနီင်္းတွင် ဆောင်ရွက်ပေးကြောင်း သိရသည်။

“ ကိုယ်စားလှယ်ကြီးများရဲ့ ဆန္ဒအရဆောင်ရွက်ဖို့ဖြစ်ပါတယ်။ မဖြစ်မနေ စစ်ဆေးရမယ်လို့ဆိုလိုခြင်း မဟုတ် ပါဘူးခင်ဗျာ။ တတ်နိုင်သမျှပူးပေါင်းပါဝင်ကြဖို့ပန်ကြားအပ်ပါတယ်။” ဟု ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြား ရေးမှူးချုပ်ကပြောကြားထားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ( Pandemic) အဖြစ် မတ်လ ၁၁ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် အဆိုပါ ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄ဝကျော်တွင်ကူးစက်နေခြင်းဖြစ်ပြီး မြန်မာနို်င်ငံတွင် ကူးစက်ခံရသူမရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရသိရသည်။

အစိုးရအနေဖြင့် COVID-19 ရောဂါ တားဆီးရန်အတွက် လူစုလူဝေးမဖြစ်စေရေးရည်ရွယ်ပြီး လူစုလူဝေးဖြင့်ကျင်းပသည့်အခမ်းအနားများ၊ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက်မဏ္ဍပ်ဆောက်လုပ်ခြင်းအပါအဝင်) မပြုလုပ်ရန် ညွန်ကြားထားသည်။

ထို့ပြင် လွှတ်တော်များသို့ ပြည်သူများလာရောက်လေ့လာခြင်းကိုလည်း မတ်လ ၁၆ရက်မှ ဧပြီ ၃ဝရက်အထိ ယာယီရပ်နားကြောင်း လွှတ်တော်ရုံးအသီးသီးကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly