ဘရာဇီးရဲ့ ရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေတဲ့ ကစားသမားလေး

ဘရာဇီးရဲ့ ရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေတဲ့ ကစားသမားလေး

အသက် (၁၈)နှစ်သာ ရှိသေးပေမယ့် ဘရာဇီးကလပ် ဆန်းတို့စ်အသင်းအတွက် ပွဲထွက်ကစားပေးနေရပြီဖြစ်တဲ့ တိုက်စစ်မှူးလေး ကိုင်အို ဂျော့ချ် ဟာ ဘရာဇီးနိုင်ငံရဲ့ ရော်နယ်ဒို လက်သစ်လို့ အားလုံးက သတ်မှတ်ထားကြသူပါ။

အရပ် (၅)ပေ (၉)လက်မ ရှိပြီး ကျောနံပတ်(၁၉)ကို အမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ ကိုင်အို ဟာ ဘရာဇီးယူ(၁၅)၊ ယူ(၁၇)အသင်းတွေမှာ အရွေးခံခဲ့ရသူဖြစ်ပြီး သူ့ရဲ့ဘောလုံးသမားဘဝကို ဆန်းတို့စ်လူငယ်အသင်းကနေ အစပြုခဲ့တာပါ။

သူက အသက် (၁၆)နှစ်ကတည်းက ဆန်းတို့စ်အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူဖြစ်ပြီး နည်းပြ ကူကာ က သူ့ရဲ့ခြေစွမ်းကို သတိထားမိခဲ့တာပါ။

သူက ဘရာဇီးလူငယ်လက်ရွေးစင်အသင်းတွေမှာ စွဲမက်လောက်စရာ ခြေစွမ်းကို ပြသထားခဲ့ပြီး ဂိုးဧရိယာထဲမှာ လှုပ်ရှားပုံက ဘရာဇီးရဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒို ကို အမှတ်ရစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ကိုင်အို က သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား စာချုပ်ကို (၂၀၁၉)ခုနှစ် ဇန်နဝါရီကမှ ဆန်းတို့စ်အသင်းနဲ့ စတင်ချုပ်ဆိုခဲ့တာဖြစ်ပြီး (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်ဖြစ်ပါတယ်။ ဗီနီးစီးယပ်ဂျူနီယာ ၊ ရိုဒရိုင်ဂို၊ ရိုင်နီယာတို့လို ဘရာဇီးကြယ်ပွင့်လေးတွေ ဥရောပ ထွက်ကစားနေကြချိန်မှာ ကိုင်အို တစ်ယောက်ကလည်း ဥရောပ မြေဆီ ခြေချဖို့ ပြင်ဆင်နေပါပြီ။

သူ သွားမယ့်နေရာကတော့ ဂျူဗင်တပ်စ်အသင်းဆီပဲ ဖြစ်ပြီး စီးရီးအေရဲ့ အင်အားကြီး ထိပ်သီးအသင်း ဂျူဗင်တပ်စ်ဟာ ဆန်းတို့စ်ရဲ့ ကြယ်ပွင့်ကစားသမားလေးကို ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။

ကိုင်အိုနဲ့ ဆန်းတို့စ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်မှာ စာချုပ်လျော်ကြေး ထည့်သွင်းထားပြီး ပေါင်(၄၅)သန်း တန်ကြေးရှိတဲ့ လျော်ကြေးပမာဏကြောင့် ဂျူဗင်တပ်စ်ဟာ ဒီကစားသမားလေးကို လိုချင်တယ်ဆိုရင် လျော်ကြေးပေးပြီး ခေါ်လိုက်ရုံပါပဲ။

ဒါပေမယ့်လည်း ကိုင်အို က တကယ့် ရော်နယ်ဒို လို ဖြစ်လာမလား…။ သူဟာ သူ့ရဲ့ မြင့်မားတဲ့ စာချုပ်လျော်ကြေးအတိုင်း ခြေစွမ်းပြနိုင်မလားဆိုတာကတော့….

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly