Lockdown ချခံ ရောမမြို့သားများ လေသာဆောင်နှင့်ပြတင်းပေါက်များမှနေ၍ ရိုးရာတော်လှန်ရေးသီချင်းဆို

Lockdown ချခံ ရောမမြို့သားများ လေသာဆောင်နှင့်ပြတင်းပေါက်များမှနေ၍ ရိုးရာတော်လှန်ရေးသီချင်းဆို

မတ် ၁၈။             ။ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ လူ ၂၅၀၃ ဦးသေဆုံးခဲ့ပြီဖြစ်ကာ တစ်နိုင်ငံလုံး အသွားအလာကန့်သတ်ပြီး lockdown ချခံထားရတာကြောင့် ရောမမြို့က လူတွေဟာ စိတ်ထွက် ပေါက်ရှာတဲ့အနေနဲ့ သူတို့အိမ်တွေရဲ့ လေသာဆောင်နဲ့ ပြတင်းပေါက်တွေကနေ ရိုးရာတော်လှန်ရေးသီချင်းတစ်ပုဒ်ကို ဆိုနေကြပါတယ်။

Bella Ciao လို့အမည်ရတဲ့ အီတလီရိုးရာတော်လှန်ရေးသီချင်းတစ်ပုဒ်ကိုဖွင့်ကာ လိုက်ဆိုနေကြတာဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်းလောက်က အမျိုးသမီးတွေ လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ကြရချိန်က ဆိုးရွားတဲ့ အခြေအနေကို အံတုဆန့်ကျင်တဲ့အနေနဲ့ ဒီသီချင်းစတင်ပေါ်ပေါက်လာတာပါ။

အီတလီဟာ တရုတ်ပြင်ပမှာ Covid-19 ဒဏ်အခံရဆုံးဒေသဖြစ်တာကြောင့် အဆိုပါကပ်ရောဂါကို အပြောင်မြောက်ဆုံးလုပ်ရပ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းပြောဆိုထားပါတယ်။

ပြင်သစ် ဂျာမနီနဲ့ စပိန်တို့မှာလည်း ဈေးဆိုင်နဲ့စားသောက်ဆိုင်တွေပိတ်ထားပြီး နယ်စပ်ဒေသတွေမှာလည်း အဝင်အထွက်ကန့်သတ်လိုက်တာကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေဟာ သူတို့အိမ်တွေမှာ ပိတ်မိ နေကြ တာဖြစ်ပါတယ်။

အေးချမ်းတဲ့ကာလမှာ တစ်ခါမှမမြင်ဖူးခဲ့တဲ့ ပြင်းထန်တဲ့ကန့်သတ်ချက်တွေက လူ့အဖွဲ့အစည်းနဲ့ ငွေကြေးဈေးကွက်တွေကို ကမောက်ကမတွေဖြစ်စေခဲ့ပြီး နိုင်ငံအသီးသီးက အစိုးရတွေဟာ စီးပွားရေးဆုတ်ယုတ်မှာကို စိုးရိမ် လာကြပြီး အရေးပေါ်စီမံဆောင်ရွက်ချက်တွေ လုပ်ဆောင်လာကြပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်တာကြောင့် တိုကျိုနွေရာသီအိုလံပစ်ပြိုင်ပွဲအပေါ်လည်း များစွာ စိုးရိမ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ခါနီးလောက်က တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာတစ်ဝှမ်းကို ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူ ၇၉၀၀ ကျော်နှင့် ၂၀၀ ၀၀၀ နီးပါး ကူးစက်ခံထားရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly