မန္တလေးက ကိုရိုနာဗိုင်းရပ်စ်စောင့်ကြပ်ကြည့်ရှုခံရသော အဆုတ်ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးက ကိုရိုနာဗိုင်းရပ်စ်စောင့်ကြပ်ကြည့်ရှုခံရသော အဆုတ်ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး သေဆုံး

မတ် ၁၇ ။            ။မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍  စောင့်ကြပ်ကြည့်ရှုနေရသူ အဆုတ်ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး ယနေ့ နံနက်ပိုင်းတွင်  သေဆုံးခဲ့ကြောင်း  မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး တာဝန်ရှိသူ ဒေါက်တာ ခင်ကျော်ကပြောသည်။

"ဆုံးတာဟုတ်တယ်။ပိုးမတွေ့သေးဘူး။ဒီနေ့မှယူရမှာ။အဲဒါအရေးကြီးလို့စောစောယူလိုက်ပြီ စောစောက ထွက်သွားပြီ အဖြေတော့ ဘယ်အချိန်ရမယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့။"ဟု ၎င်းကပြောသည်။

ယင်းသေဆုံးသူတွင်ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိမရှိကို စစ်ဆေးရန် ယနေ့ နေ့လယ်ပိုင်းက ဓာတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲခန်းကိုပို့ဆောင်စစ်ဆေးထားကြောင်းသိရသည်။ ယေဘုယျအားဖြင့် ဓာတ်ခွဲစစ်ဆေးမှုကြာချိန်မှာ ခြောက်နာရီကြာမြင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သတင်းအချက်အလက်များမှသိရသည်။

အဆိုပါ သေဆုံးသူမှာ တံတားဦးမြို့နယ်ကနေ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို အဆုတ်ရောဂါဖြင့် မတ်လ ၁၆ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။လူနာမှာ ရောက်ရှိလာကတည်းကအဆုတ်ရောဂါက စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် ကန်တော်နဒီဆေးရုံကိုပို့ဆောင်ခဲ့သည်။လက်ရှိတွင် ရုပ်အလောင်းကို ကန်တော်နဒီဆေးရုံတွင်သာ ထားရှိထားကြောင်းဆေးရုံမှသိရသည်။

မတ်လ ၆ ရက်နေ့ကလည်း ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့် လူနာ တစ်ဦးဖြစ်သည့် ၆၇ နှစ်အရွယ် နှလုံး၊ သွေးတိုး၊ အဆုတ်ရောဂါအခံရှိသူ အမျိုးသမီးကြီး တစ်ဦးသေဆုံးခဲ့သေးသည်။

၎င်းသေဆုံးသူမှာလည်းကိုရိုနာဗိုင်းရပ်စ်မရှိကြောင်းဆေးရုံကအတည်ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly