ဖိလစ်ပိုင် အများပြည်သူပိုင်စျေးတစ်ခု မီးလောင်ကျွမ်း ၁၅ဦးသေဆုံး

ဖိလစ်ပိုင် အများပြည်သူပိုင်စျေးတစ်ခု မီးလောင်ကျွမ်း ၁၅ဦးသေဆုံး

ဖိလစ်ပိုင် သတင်းအေဂျင်စီ၏ သတင်းပို့ချက်အရ အောင်တိုဘာလ ၃၁ရက်နေ့အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံရှိ အများပြည်သူပိုင်ဈေးတစ်ခုကို မီးလောင်ကျွမ်းရာ ကလေး၆ယောက်အပါအဝင် လူ၁၅ဦး သေဆုံးခဲ့ရပြီး အခြား ၁၃ယောက်ခန့်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဆိုသည်။

မီးကြောင့် အများအားဖြင့် တပတ်ရစ် အဝတ်အထည်ဆိုင်များဖြစ်သည့် ဆိုင်တန်းပေါင်း ၃၅၀ပျက်စီးခဲ့ရပြီး ဇမ်ဘွန်ဂါအတွင်းရှိ သုံးထပ်ဈေးအဆောက်အအုံမှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့သည်ဟု မြို့တော်မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဒိုမီနာဒေါ ဇာဘာလာ ဂျူနီယာက နိုင်ငံပိုင် သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၂နာရီ၄၅မိနစ်တွင် ဆိုင်တန်းများမှ တစ်ခုကို မီးစတင်လောင်ကျွမ်းခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်ဟု ဇာဘာလာက အေဂျင်စီကို ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်တိုင်မှာ မီးပွင့်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားရသည်ဟု ယူဆရဖွယ်ရှိကြောင်း ဖိလစ်ပိုင် သတင်းအေဂျင်စီက သတင်းပို့ခဲ့သည်။
ဆိုင်တန်းတစ်ချို့မှာ တရားမဝင်ဆောက်လုပ်ထားခြင်းဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အချို့မှာ မီးလောင်ကျွမ်းစဉ်တွင် ဆိုင်တန်းများထဲတွင် ပိတ်မိနေသူများဖြစ်သည်ဟု ဇမ်ဘွန်ဂါမြို့တော်ဝန် မာရီယာ အစ္စဘဲ ကလီမာကို ဆာလာဇာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly