ဗိုင်းရပ်စ် သတိ

သန့်ဇော်(သန်လျင်)

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အနက်  ၁၄၈ နိုင်ငံမှာ ကိုရိုနာ Covid – 19 ဗိုင်းရပ်စ်တွေ့လို့ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHOက သတ်မှတ်ထားတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အဲဒီရောဂါ ဖြစ်တဲ့သူတစ်ယောက်မှ မတွေ့သေးပါဘူး ။ အစိုးရကလည်း ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေကို လုပ်နေပေမယ့်လည်း လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြည်သူတွေက အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီ Covid – 19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကာကွယ်တဲ့နေရာမှာ မိမိကိုယ်မိမိအပြင် မိမိရဲ့ မိသားစု၊ မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက်စောင့်ကြည့်ဖို့ လည်း လိုအပ်လှပါတယ် ။   ရောဂါကူးဆက် ဖြစ်ပွားမှုကို စောင့်ကြည့်တဲ့အခါ မဖြစ်မနေသိကို သိရမယ့် အချက်တွေကို သိကို သိနေရပါမယ် . . .      ရောဂါလက္ခဏာ နည်းနည်းလေး သိလိုက်တာနဲ့ ကိုယ့်အသက်တင်မက တစ်ပါးသူအသက်တွေကိုပါ အချိန်မီ ကယ်တင်နိုင်လိမ့်မှာ ဖြစ်ပါတယ်။

Covid – 19 ဗိုင်းရပ်စ်ဆိုတာကို အမြဲသတိမပြတ်ထားပြီး  နေ့စဉ်ရောဂါလက္ခဏာကို စောင့်ကြည့်ရပါမယ်။

ပထမ ၁ ရက်မှ ၃ ရက်အတွင်းမှာ . . ပုံမှန်တုတ်ကွေးဖျားနာပုံစံ မျိုးဖြစ်ပါမယ်။ ဖျားလာမယ်။ လည်ချောင်းနာလာမယ်၊ တချို့သူတွေမှာတော့ မနာပါဘူး။ ကိုယ်ခံအားနည်းနေပါက ဝမ်းလျောမယ်၊ မူးဝေမယ်၊ ပုံမှန် စားနိုင်သောက် နိုင်မယ်။

၄ ရက်မြောက်နေ့မှာတော့  လည်ချောင်းပိုနာလာမယ် . အသံနာလာမယ် . . ၊ ကိုယ်အပူချိန် ၃၆.၅ ဒီဂရီစင်တီဂရိတ်အထိ တက်လာမယ်..၊ စားသောက်ရန် အစဉ်မပြေ ဖြစ်လာမယ်။ ခေါင်းကိုက် ဝမ်းလျောလာမယ်။  

၅ ရက်မြောက်နေ့မှာ စိတ်အခြေအနေတွေ ရှုပ်ထွေးလာမယ်။ လည်ချောင်း အပြင်းအထန် နာလာမယ်။ အစာစားတဲ့အခါတိုင်း လည်ချောင်း ပိုပြီးနာလာမယ် . .၊ မသက်မသာ တော်တော်နာလာမယ် . .၊ အသံနာခြင်းက ပိုပိုဆိုးလာမယ် . ၊ ခန္ဓာကိုယ်လှုပ်ရှားလိုက်တိုင်း နာနာလာမယ်..၊ အဆစ်အမြစ်တွေ နာကျင်လာပြီး ပျော့ခွေလာပါမယ်။

၆ ရက်မြောက်နေ့မှာတော့ အဖျား ၃၇ ဒီဂရီစင်တီဂရိတ်သာရှိပြီး .. လည်ချောင်းပိုနာလာမယ်၊ ချောင်းခြောက်တွေ ဆိုးမယ်။ အစာမျို စကားပြောလိုက်တိုင်း ပိုပြီးလည်ချောင်းနာကျင်လာမယ်. . ခြေကုန်လက်ပန်းကျလာမယ်၊ မူးဝေဝေဖြစ်နေမယ်။ အသက်ရှူကျပ်လာမယ်၊ အဆစ်အမြစ်တွေ နာနေတဲ့အပြင် လက်ချောင်းတွေပါ နာလာမယ်။ ဝမ်းလျောခြင်းနှင့် အန်ခြင်းတွေဟာ အခြေအနေ ပြင်းထန် ပိုဆိုးလာမယ်။

၇ ရက်မြောက်နေ့မှာတော့ အဖျားပြင်းထန်လာမယ်၊  ၃၈ ဒီဂရီစင်တီဂရိတ်ထိ ကိုယ်အပူချိန်တက်လာမယ်၊ ချောင်းဆက်တိုက်ဆိုးပြီး သလိပ်တွေထွက်လာမယ်၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျောခြင်း၊ အန်ခြင်းများ ပိုမိုပြင်းထန်လာပါမယ်။

၈ ရက်မြောက်နေ့မှာတော့ အသက်ရှူလိုက်တိုင်း အပြင်းအထန် အားစိုက်ရှူနေရပါတော့မယ်၊ ရင်ဘတ်ပေါ်မှာ အလေးဖိထားသလို ခံစားရလိမ့်မယ်၊ ချောင်ဆိုး ခေါင်းကိုက် အဆစ်အမြစ်နာတာတွေဟာ ပို၍ ပို၍ ဆိုးလာမယ်၊  ခန္ဓာကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားပါလိမ့်မယ်။

၉ ရက်မြောက်နေ့မှာတော့ ရောဂါလက္ခဏာအားလုံးဟာ အဆိုးဆုံးအဆင့်ရောက်သွားပါပြီ။

ဒါတွေကတော့ ကိုရိုနာဗိုင်းရပ် COVID – 19 ရဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုရောဂါဖြစ်နေရင် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ မသိဘဲ မနေပါဘူး၊ သိတာနဲ့ တစ်ဆင့်စကားတဆင့်ကြားနဲ့ သိရှိကူးစက်ကုန်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိသေးတာ မဖြစ်သေးတာ သေချာပါတယ်။ တစ်ကမ္ဘာလုံးနီးပါး  ဒီရောဂါဖြစ်နေတော့ ကျွန်တော်တို့နိုင်ငံလည်း အကြောင်း ကြောင်းကြောင့် ကူးဆက်လာခဲ့မယ်ဆိုရင် အမြန်ဆုံး တားဆီး ဟန့်တားနိုင်ဖို့ အရေးကြီးတာကြောင့် ခုလို အသိပေးလိုက်တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံသားများခင်ဗျား . . .

အဖျား ၊ ချောင်းဆိုး ၊ အသက်ရှူကျပ်တာ ခံစားလာရပြီဆိုရင် . . ဆေးကုသမှုကို အမြန်ဆုံးခံယူကြပါ… လို့။   ။

သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly