တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားသုံးနိုင်ငံ ဆွေးနွေးပွဲများ ကျင်းပ

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားသုံးနိုင်ငံ ဆွေးနွေးပွဲများ ကျင်းပ

ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့် သမိုင်းတင်သဘောထားမတူညီမှုများကြား သုံးနှစ်တာကာလအတွင်း ပထမဆုံးအဖြစ် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားသုံးနိုင်ငံတို့ တွေ့ဆုံဆွေးနွေးကြသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲများသည် နိုင်ငံများကြား မပြေလည်မှုများကို ပြေလျှော့စေရေး ရည်ရွယ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ၏ လူမဆန်သော အပြုအမူများအတွက် ဂျပန်နိုင်ငံက ပြေလည်အေးဆေးအောင် လုံလောက်သည့် တောင်းပန်မှုမရှိဟု တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများက ခံစားနေရသည်။

သုံးနိုင်ငံဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ်တိုင်အောင် ပုံမှန်ဆွေးနွေးမှုများ ရှိထားခဲ့ခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီကာကျန်နှင့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးတို့က အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကာ နိုဝင်ဘာ ၁ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံကြပြီး ယင်းတွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအရေးကိုလည်း ဆွေးနွေးထုတ်ပြန်သွားရန်ရှိသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly