ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းများစွာ မေလမကုန်မီ ဒေဝါလီ ခံသွားရနိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းများစွာ မေလမကုန်မီ ဒေဝါလီ ခံသွားရနိုင်

မတ်လ ၁၇။               ။ ကမ္ဘာ့ကပ်ရောဂါဘေးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအရေးအား အစိုးရများနှင့်လေကြောင်းကုမဏီများက အတူပူးပေါင်းကာ အရေးယူကိုင်တွယ်ဖြေရှင်းခြင်းမရှိခဲ့ပါက ကမ္ဘာတစ်ဝန်းမှ လေကြောင်း လိုင်းများစွာ မေလမကုန်မီ ဒေဝါလီခံသွားရနိုင်ကြောင်း လေကြောင်းလိုင်းဆိုင်ရာအကြံပေးကုမ္ပဏီတစ်ရပ်က သတိပေးပြောကြားသည်။

လေကြောင်းလိုင်းများစွာသည် ဒေဝါလီခံရမည့်ဘေး သို့မဟုတ် ကြွေးမြီပျက်ကွက်မှုအခြေအနေတွင် ရှိနေသည်ဟု ဆစ်ဒနီအခြေစိုက်အကြံပေးကုမဏီ CAPA Centrre for abiation က မတ် ၁၆ရက် ထုတ်ပြန်ချက် တစ်ရပ် တွင် သတိပေးသည်။

လေကြောင်းလိုင်းများသည် လေယာဉ်များသောင်တင်နေပြီး ဝက်ဝက်ကျော်မပျံသန်းဘဲရှိ‌နေခြင်းကြောင့် ငွေကြေးလျော့ပါးလာလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို ကပ်ဘေးကို ကျော်လွှားနိုင်ရန်  အစိုးရနှင့်လေကြောင်းလိုင်းမျာ းပူးပေါင်းဆောင်ရွက်မှု လက်ရှိတွင် လိုအပ်နေသည်ဟု CAPA ကပြောသည်။

ယင်း ကပ်ဘေးမှရုန်းထွက်နိုင်ရေးသည် ပြင်းထန်သည့်တိုက်ပွဲအသွင်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။  

အမေရိကန်၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းမှ အကြီးစားလေကြောင်းလိုင်း အများစုသည် အစိုးရအကူအညီနှင့် ပိုင်ရှင်များ၏ ထောက်ပံ့မှုတို့ကြောင့် ရှင်သန်နိုင်ဖွယ်ရှိသည်ဟု CAPA ကပြောသည်။ ကိုရိုနာဗိုင်းရပ်က လေ ကြောင်းခရီးသွားလာမှုများကို တန့်ရပ်စေခြင်းကြောင့် ဗိုင်းရပ်ကူးစက်ဖြစ်ပွားမှု၏ ပြင်းထန်သောထိခိုက်ပျက်စီးစေမှုတွင် လေကြောင်းလိုင်းကုမဏီများပါ ကျရောက်လျက်ရှိသည်။

American Airlines Group မှသည် Australia Qantas Airway Ltd. ထိ လေကြောင်းလိုင်းများသည် ဝန်ဆောင်မှုများလျှော့ချရပြီး ဆွီဒင်မှ SAS AB ကဲ့သို့သေ ာလေကြောင်းလိုင်းများသည်လည်း ဝန်ထမ်းများစွာကို အလုပ်မှ ယာယီအနားပေးထားသည်။

ဥရောပမှ အကြီးဆုံးပြည်တွင်းလေကြောင်းလိုင်းဖြစ်သည့် Flybe လေကြောင်းလိုင်းလည်း ပြိုလဲသွားခဲ့သည်။

လေကြောင်းလိုင်းများ၏ ယခုနှစ်၌ အမေရိကန်ဒေါ်လာ ၁၁၃ ဘီလီယံအထိ ဘဏ္ဍာငွေဆုံးရှုံးနိုင်ကြောင်း နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly