မလေးရှား၌ တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ရှိ၊ အများစုက ဗလီမှ ကူးစက်ခြင်း ဖြစ်

မလေးရှား၌ တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ရှိ၊ အများစုက ဗလီမှ ကူးစက်ခြင်း ဖြစ်

မတ်လ ၁၆။              ။ မလေးရှားနိုင်ငံတွင် မတ် ၁၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၉၀ ဦး ရှိကြောင်း ကြေညာရာ  တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်ခဲ့သည်။

“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ အခု ကူးစက်တဲ့သူ တော်တော်များများဟာ ဂျာမတ်ဆရီပီတဲလင်း ဗလီက ဘာသာရေးအခမ်းအနား လူထုစုရုံးပွဲကနေ ကူးစက်တာ ဖြစ်ပါတယ်။”ဟု ကျန်းမာရေးဝန်ကြီး ဒါတက်ဆာရီဘာဘာက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော Covid-19  ရောဂါဖြစ်ပွားသူ ၇၇ ဦး ရှိပြီး ယင်း ဖြစ်ပွားမှုသည် ဆီလန်ဂေါအရပ်ရှိ ဗလီတစ်ခုက ဘာသာရေးအခမ်းအနားနှင့် ဆက်စပ်မှုရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဘာသာရေးအခမ်းအနား လူထုစုရုံးပွဲသို့ နိုင်ငံအချို့မှ လူ ၁၆၀၀၀ ခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယခု အသစ် ကူးစက်သူများနှင့်ဆိုလျှင် မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်းမှာ ၄၂၈ ဦးအထိ ရှိသွားပြီဖြစ်သည်။ ထိုဦးရေတွင် ၄၂ ဦးက ဆေးရုံမှ ဆင်းသွားနိုင်ပြီဖြစ်ကာ လူနာကိုးဦးမှာ အခြေအနေ စိုးရိမ်ရ၍ အထူးကြပ်မတ် စောင့်ကြည့်နေရသည်။

ယခု အသစ်ကူးစက်သူ ၁၉၀  နှင့် ပတ်သက်ပြီး အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနက မထုတ်ပြန်သော်လည်း ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ပြုလုပ်သော ဘာသာရေးစုရုံးပွဲမှ အများဆုံး ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုပွဲသို့ တက်ရောက်သည့် မလေးရှားနိုင်ငံသား ၁၄၅၀၀၀ ရှိမည့်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ ထို တက်ရောက်ခဲ့သူများအား ခြေရာကောက် ဆက်သွယ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly