ပြင်သစ်မှာ COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေလို့ စျေးဆိုင်တွေ ပိတ်ပြီး ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့ ညွန်ကြား

ပြင်သစ်မှာ COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေလို့ စျေးဆိုင်တွေ ပိတ်ပြီး ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့ ညွန်ကြား

မတ် ၁၅။             ။ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အရှိန်မြန်ဆန်လာခဲ့ပြီးနောက် ယခုအခါ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားတော့မှာ ဖြစ်ပြီး ပြည်သူ ၆၇ သန်းကိုလည်း နေအိမ်မှာပဲ  နေကြဖို့ အာဏာပိုင်တွေက ညွန်ကြားထားတယ်လို့ သိရပါတယ်။

ဒါဟာ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်လာတာကို ကိုင်တွယ်တိုက်ဖျက်ရာမှာ အကူအညီဖြစ်စေဖို့ တာဝန်ရှိသူတွေဘက်က ခုလို စီစဉ်လာတာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းဟာ ၇၂ နာရီအတွင်းမှာ နှစ်ဆလောက် တိုးလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ လူပေါင်း ၄,၅၀၀ လောက် ကူးစက်ခံထားရပြီး သေဆုံံးသူ ၉၁ ဦး ရှိနေတယ်လို့ ပြင်သစ် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ခုလို အစီအစဉ်တွေ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ အစိုးရအနေနဲ့ တခြားရွေးချယ်စရာ မရှိကြောင်း ဝန်ကြီးချုပ် အက်ဒဝပ် ဖိလစ်ပီက ပြောသွားခဲ့ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly