သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိဟု အိမ်ဖြူတော် ထုတ်ပြန်

သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိဟု အိမ်ဖြူတော် ထုတ်ပြန်

မတ် ၁၅။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးစစ်မှုခံယူခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က မတ်လ ၁၄ ရက်မှာ ထုတ် ပြန်သွားခဲ့ပါတယ်။

ဆေးစစ်ချက်အရ သမ္မတ ထရမ့်မှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းနေတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းရဲ့ ဆရာဝန်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ မကြာသေးခင်က ဖလော်ရီဒါ အပန်းဖြေစခန်းမှာ ဘရာဇီးအစိုးရကိုယ်စားလှယ်အဖွဲ့တစ်ခုကို လက်ခံတွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို ဆေးစစ်မှုကို ခံယူခဲ့ရတာဖြစ်ပါတယ်။

၎င်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘရာဇီးအစိုးရကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါလာသူတစ်ချို့ဟာ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ထရမ့်လည်း ခုလို ဆေးစစ်ခဲ့ရတာ ဖြစ်ပါတယ်။

“ သမ္မတ ထရမ့်ရဲ့ ဆေးစစ်ချက်အရ ဗိုင်းရပ်စ်ရှိမနေဘူးဆိုတာကို ဒီညနေမှာပဲ သိရှိခဲ့ပါတယ်” လို့  သမ္မတရဲ့ ဆရာဝန်ဖြစ်တဲ့ ရှောင်ကွန်လေးက အတည်ပြုထုတ်ပြန်သွားခဲ့ပါတယ်။

ဘရာဇီးကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ညစာစားခဲ့တာ တစ်ပတ်ကြာခဲ့ပြီဖြစ်ပေမယ့် ခုချိန်မှာ သမ္မတ ထရမ့်မှာ ဒီဗိုင်းရပ်စ် လက္ခဏာရပ်တွေ ရှိမနေဘူးလို့ ၎င်းက ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly