အီရတ်မှာ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သားတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံး

အီရတ်မှာ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သားတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံး

မတ်လ ၁၄။             ။ အီရတ်က အီရန်ထောက်ခံတဲ့ စစ်သွေးအုပ်စုတွေကို ပစ်မှတ်ထားပြီး အမေရိကန်က သောကြာနေ့ အစောပိုင်းမှာ လေကြောင်းထိုးစစ် ဆင်နွှဲခဲ့ရာမှာ အရပ်သားတစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး သေဆုံး ရတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

အဲဒီ စီးနင်းတိုက်ခိုက်မှုတွေဟာ စစ်ဒဏ်သင့်နေတဲ့ အီရန်နိုင်ငံမှာ သွေးထွက်သံယိုများတဲ့ တင်းမာမှုတွေ ပိုပြီး ပြင်းထန်လာစေလိမ့်မယ်လို့လည်း အီရတ်စစ်တပ်က သတိပေးပါတယ်။

အီရတ်စစ်အခြေစိုက်စခန်းတစ်ခုကို ဗုဒ္ဓဟူးနေ့ ညက ဒုံးကျည်တိုက်ခိုက်တာကြောင့် ဗြိတိန်စစ်သားတစ်ဦးနဲ့ အမေရိကန် စစ်မှုထမ်းနှစ်ဦး သေဆုံးခဲ့တာကြောင့် လက်တုံ့ပြန်ပြီး လေကြောင်းစစ်ဆင်တာဖြစ်တယ်လို့ ပင်တဂွန် က ပြောပါတယ်။

အမေရိကန်ရဲ့ လေကြောင်းထိုးစစ်ဟာ အီရတ်နိုင်ငံက ထောက်ပံ့နေတဲ့ ဟာရှိအယ်ရှာဘီ စစ်ရေးယူနစ်ကွန်ရက်က စစ်မှုထမ်းတွေ ရှိနေရာ စစ်အခြေစိုက်စခန်းတွေကို ထိမှန်ခဲ့ကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ စစ်အခြေစိုက်စခန်းမှာ အီရန်အစိုးရ တပ်တွေပါ ရှိနေတာ ဖြစ်ပါတယ်။

ဒီ စီးနင်းတိုက်ခိုက်မှုမှာ ဟာရှိကွန်ရက်က အမာခံဂိုဏ်းကွဲ ကာတက်ဘ်ဟဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားရာ ဧရိယာတွေလည်း ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အီရတ်က နိုင်ငံခြားတပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေမှာ ကာတက်ဘ်ဟဇ်ဘိုလာအဖွဲ့ကို အပြစ်ဆိုလျက် ရှိနေပါတယ်။

သေဆုံးသူတွေမှာ ကာတက်ဘ်ဟဇ်ဘိုလာအဖွဲ့က အဖွဲ့ဝင်တွေ မပါသေးပေမယ့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်တာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်ခြေ ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly