COVID-19 အန္တရာယ်ကြောင့် ဧဝရတ်တောင်တက်ခွင့် ပါမစ် ထုတ်ပေးမှု နီပေါ ရပ်ဆိုင်း

COVID-19 အန္တရာယ်ကြောင့် ဧဝရတ်တောင်တက်ခွင့် ပါမစ် ထုတ်ပေးမှု နီပေါ ရပ်ဆိုင်း

မတ် ၁၃။            ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ဧဝရတ်တောင်တက်ရောက်ခွင့် ပါမစ်များ ထုတ်ပေးမှုကို မတ်လ ၁၃ ရက်တွင် နီပေါအာဏာပိုင်တို့ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တို့ကလည်း ၎င်းတို့ဘက်ခြမ်းမှ တောင်တက်ခွင့်ကို ရပ်ဆိုင်းလိုက်ပြီး တစ်ရက်အကြာ နီပေါ တာဝန်ရှိသူတို့ကလည်း အဆိုပါ ကမ္ဘာ့အကြီးဆုံးတောင်ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

ယခုအခါ နီပေါ အစိုးရသည် နိုင်ငံရှိ တောင်များအားလုံးတွင် တောင်တက်ခွင့်ကို ရပ်နားထားလိုက်ပြီဖြစ်ကာ ခရီးသွားဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း နီပေါ ယဉ်ကျေးမှု၊ ခရီးသွားလာမှုနဲ့ အရပ်ဘက် လေကြောင်းဌာန ဝန်ကြီး ယိုဂက်ရှ် ဘတ်တာရီက ပြောပါတယ်။

နီပေါနိုင်ငံဟာ ဧဝရတ်တောင် တက်ခွင့် ပါမစ်ထုတ်ပေးခြင်းကနေ တစ်နှစ်ကို ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေတာဖြစ်ပါတယ်။

“လက်ရှိကာလမှာ နွေဦးကာလ စူးစမ်းလေ့လာရေးခရီးတွေအားလုံးကို ဆိုင်းငံ့ထားဖို့ အစိုးရဘက်က ဆုံးဖြတ်ခဲ့ပါတယ်၊ ပါမစ်တွေကိုလည်း ဖျက်သိမ်းပါတော့မယ်” လို့ ဘတ်တာရီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly