Eddie Alvarez နဲ့ ၂၀၂၀ ရည်မှန်းချက်

Eddie Alvarez နဲ့ ၂၀၂၀ ရည်မှန်းချက်

လူတိုင်းလူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ တစ်နေ့ကျရင် ဘာဖြစ်မယ်၊ တစ်ချိန်ကျရင် ဘာဖြစ်ရမယ်ဆိုတာမျိုး ရည်မှန်းချက်တစ်ခုထားရှိကာ ပန်းတိုင်အရောက် မမှိတ်မသုန် ကြိုးစားအားထုတ်ကြတာမျိုးပါ။ လူဆိုတာ ရည်မှန်းချက်ရှိမှလည်း အောင်မြင်မှုတွေကို ရရှိနိုင် တာဖြစ်ပါတယ်။ ဘာရည်မှန်းချက်မှမရှိဘဲ အသက်ရှင်နေထိုင်တာထက်စာရင် ပန်းတိုင်တစ်ခုထားကာ ဇွဲလုံ့လနဲ့ ကြိုးစားရုန်းကန်နေရတာ က လူဖြစ်ရကျိုး နပ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ယှဉ်ပြိုင်နေတဲ့ အမေရိကန် အားကစားသမား Eddie “The Underground King” Alvarez ဆိုရင်လည်း ရည်မှန်းချက်ကြီးမားသူတစ်ယောက်လို့ ဆိုနိုင် ပါတယ်။

အသက် ၃၆ နှစ်အရွယ် Alvarez ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကမှာ ထင်ရှားသူတစ်ယောက်ဖြစ်ပြီး Bellator၊ UFC စတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးသလို အဆိုပါအဖွဲ့အစည်းတွေရဲ့ လိုက်ဝိတ် တန်းကမ္ဘာ့ချန်ပီယံခါးပတ်တွေကို ပိုင်ဆိုင်ဖူးပါတယ်။ Ricardo Almeida BJJ အသင်းသား Alvarez ဟာ ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူအခြေစိုက် ONE Championship နဲ့ လက်တွဲခဲ့ပြီး ၁ ပွဲ နိုင်၊ ၁ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ကစားသမားဘဝတစ်လျှောက် ၃၀ ပွဲနိုင်၊ ၇ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ ၎င်းဟာ လက်ရှိ ၂၀၂၀ ပြည့်နှစ်အတွင်း အောင်ပွဲတွေရရှိဖို့ ရည်မှန်းထားပြီး ONE Championship နဲ့ လက်တွဲရတဲ့ အတွက် လည်း ပျော်ရွှင်ကျေနပ်မိတယ် လို့ ဖွင့်ဟပါတယ်။ နာမည်ကျော် အားကစားအဖွဲ့အစည်းတွေမှာ ၁၇ နှစ်ကျော်ပါဝင်ယှဉ်ပြိုင်ကာ အတွေ့အကြုံရင့် အားကစားသမားတစ် ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ၎င်းက အား ကစားသမားတွေအပေါ် အလေးထားဂရုစိုက်တဲ့ ONE Championship နဲ့ လက်တွဲခွင့်ရ လို့ ကျေနပ်မိသလို အမေရိကန်နိုင်ငံမှာ ပရိသတ်တွေတိုးပွားလာအောင် အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းက ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ဟာ ကိုယ်ခံပညာရပ်ပိုင်းနဲ့ပတ်သက်လာရင် ကိုယ်တိုင် ကစားသမား တစ်ယောက်ဖြစ်သလို အားကစားသမားတွေအပေါ်မှာလည်း သနားကြင်နာတဲ့ စိတ်ဓာတ်ရှိသူလို့ ချီးကျူးပါတယ်။ Chatri လို ဥက္ကဋ္ဌမျိုး ဘယ်အဖွဲ့အစည်းမှာမှ မရှိဖူးလို့လည်း Alvarez က ဖွင့်ဟပြီး လက်တွဲခဲ့ဖူးသမျှ ဥက္ကဋ္ဌတွေအနက် တစ်မူထူးခြားသူတစ်ယောက် ဆိုပါတယ်။ Alvarez ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသဖို့ လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ် ယောက်ဖြစ်လာအောင် ရည်မှန်းထားကြောင်းလည်း ကြုံးဝါးပါတယ်။ ၎င်းဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံးပြိုင်ပွဲအဖြစ် မေလ ၂၉ ရက်ကျရင် ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်မယ့် ONE: INFINITY 2 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ဘက်ကတော့ တူရကီအားကစားသမား Saygid Guseyn Arslanaliev ဖြစ်ပြီး အသက် ၂၅ နှစ်သာရှိသေးသလို မှတ်တမ်းကောင်း တွေ ပိုင်ဆိုင်ထားတာကြောင့် ခက်ခဲမယ့်တွဲဆိုင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ သူတို့နှစ်ယောက်ဟာ အခုအကြိမ်မှ ပထမဆုံး စတင် တွေ့ဆုံကြမှာဖြစ်ပေမယ့်လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ထိုးသတ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က Alvarez ဒဏ်ရာရသွား တာကြောင့် အစားထိုး ဝင်ရောက်ယှဉ်ပြိုင်တဲ့ စင်ကာပူအားကစားသမား Christian “The Warrior” Lee က အမှတ်နဲ့အနိုင်ယူကာ လိုက် ဝိတ်တန်း ဂရင်းပရီကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တကယ်လို့ ဒဏ်ရာမရခဲ့ဘဲ ယှဉ်ပြိုင် ခွင့်ရခဲ့ရင် Alvarez အတွက် ချန်ပီ ယံခါးပတ်တစ်ခု ရယူနိုင်မယ့်အခြေအနေပါ။ ဒါပေမဲ့လည်း ဖြစ်ပြီးသွားတဲ့ အနေအထားအပေါ် ၎င်းက ပြန်တွေးလွမ်းဆွတ်မနေဘဲ ပစ္စုပ္ပန်အ ခြေအနေအတွက်သာ အာရုံစိုက်ထား တယ်လို့လည်း ဆိုပါတယ်။

Arslanaliev ဟာ ၂၀၁၆ ခုနှစ်အတွင်း ONE Championship နဲ့ လက်တွဲခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က တိုကျိုမှာပြုလုပ်တဲ့ ONE: CENTURY PART I ရဲ့ လိုက်ဝိတ်တန်း ဂရင်းပရီ ဗိုလ်လုပွဲမှာ Christian Lee ကို ရှုံးနိမ့်ထားတဲ့ တူရကီအားကစားသမားကလည်း ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ပွဲပြန်ရဖို့ သေချာလေ့ကျင့်ပြင် ဆင်ထားပါတယ်။

ဒါကြောင့် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကြမယ့်တွဲဆိုင်းက ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်မှာ သေချာပါ တယ်။ အနိုင်ရတဲ့သူအနေနဲ့လည်း အဆင့်သတ်မှတ်ချက် မြင့်တက်လာမှာဖြစ်သလို Christian Lee ရဲ့ ကမ္ဘာ့ချန်ပီယံ စိန်ခေါ်သူအဆင့် ရောက်ရှိလာနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း နောက်ဆုံးထိုးသတ်ထားတဲ့ပွဲမှာ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဖိ လစ်ပိုင်အားကစားသမား Eduard “Landslide” Folayang ကို ပထမအချီမှာ ချုပ်ကွက်နဲ့အနိုင်ရထားတဲ့ Alvarez က ယုံကြည်မှုအပြည့် ရရှိနေတယ်လို့ ဆိုပါတယ်။

မြေပြင်ချုပ်ကွက် ပိုင်နိုင်သလို မတ်တပ်ရပ်ယှဉ်ပြိုင်ရာမှာလည်း ကျွမ်းကျင်သေသပ်တဲ့ Alvarez က ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ပွဲတွေရယူ ကာ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းထားပါတယ်။ အဲဒီရည်မှန်းချက် ဖြစ်မြောက်လာဖို့အတွက်လည်း ပြင်းပြင်းထန်ထန် လေ့ ကျင့်နေသလို အာရုံစူးစိုက်မှုအပြည့် ထည့်ထားတယ်လို့ ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly