ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွင်း အလုပ်အကိုင်ပေါင်း သန်း ၅၀ လောက် ဆုံးရှုံးရနိုင်ဟု ဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွင်း အလုပ်အကိုင်ပေါင်း သန်း ၅၀ လောက် ဆုံးရှုံးရနိုင်ဟု ဆို

မတ်လ ၁၃။        ။ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ခရီးသွားလာမှု လုပ်ငန်းထဲမှာ အလုပ်အကိုင် သန်းပေါင်းများစွာတို့ ဆုံးရှုံးသွားနိုင်ခြေ အလားအလာနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

ယခု ဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းထဲမှာ အလုပ်အကိုင်နေရာပေါင်း သန်း ၅၀ လောက်အထိ ဆုံးရှုံးရနိုင်ခြေ ရှိတယ်ဆိုပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်း ကောင်စီ (WTTC) က ပြောပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုက ခရီးသွားလုပ်ငန်းအတွက် အသိသာအထင်ရှားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်ဆိုပြီး WTTC ရဲ့ အမှုဆောင်အရာရှိချုပ် Gloria Guevara ကလည်း ပြောပါတယ်။

ဒါဟာ နိုင်ငံတကာလေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းလိုက်ရတာ၊ အာမခံကုမ္ပဏီတချို့က customer သစ်တွေအတွက် ခရီးသွားအာမခံထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်တာတို့ ရှိခဲ့ပြီးနောက် အထက်ပါ  သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာခရီးသွားလုပ်ငန်းဟာ ယခုနှစ် ၂၀၂၀ မှာ ၂၅ ရာခိုင်နှုန်းအထိ အရွယ်အစား သေးငယ်သွားနိုင်တယ်ဆိုပြီး WTTC ရဲ့ ကိန်းဂဏန်းသစ်တွေက ညွန်ပြနေပါတယ်။

ယင်းအတွက်ကြောင့် လက်ရှိအချိန်မှာ ခရီးသွားလုပ်ငန်းကို ကာကွယ်ဖို့အတွက် အရေးပါတဲ့ အစီအမံလုပ်ဆောင်ချက်တွေ ချမှတ်ဖို့ WTTC က သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly