အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးအတွက် စည်းမျဉ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေချိန် ပထမဆုံး လူတစ်ဦး သေဆုံး

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးအတွက် စည်းမျဉ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေချိန် ပထမဆုံး လူတစ်ဦး သေဆုံး

မတ်လ ၁၃။                ။ ကမ္ဘာ့ ကပ်ရောဂါဘေး ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမှာ စာသင်ကျောင်းတွေ၊ ပြဇာတ်ရုံတွေနဲ့ ရုပ်ရှင်ရုံတွေကို ဒီ တစ်လလုံး ပိတ်ထားဖို့ အာဏာ ပိုင်တွေက အမိန့်ထုတ်ထားချိန်မှာပဲ ကိုရိုနာကြောင့် ပထမဆုံး လူတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့က အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးတာဖြစ်ပြီး ၎င်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဖြစ်တယ်လို့ အတည်ပြုနိုင်ကာ ၎င်းနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သူတွေကို ခြေရာကောက်လျက် ရှိနေ တယ်လို့ တောင်ပိုင်း ကာနာတာကာပြည်နယ် အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ထိစပ်လျက် ရှိပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ အိန္ဒိယနိုင်ငံဟာ လူပေါင်း ၄၆၀၀ ကျော် သေဆုံးပြီဖြစ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အရေးကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံဆီ လာရောက်တဲ့ ခရီးသွားဗီဇာအားလုံးကို သောကြာနေ့ကစလို့ ဆိုင်းငံ့ပိတ်ပင်လိုက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဂိတ်တွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြီး နာရီပိုင်းမှာပဲ အခုလို ကိုရိုနာကြောင့် လူသေဆုံးတာကို ကြေညာလာတာပဲ ဖြစ်ပါတယ်။

သံတမန်တွေနဲ့ အစိုးရဌာနဆိုင်ရာ ဗီဇာတွေကတော့ ပိတ်ပင်မှုကနေ လွတ်ငြိမ်းခွင့်ရမှာ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတွေရဲ့ နိုင်ငံခြားခရီးစဉ်အားလုံးကို အခုချိန်မှာ ပိတ်ထားပြီဖြစ်တယ်လို့ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြော ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာကူးစက်သူ ဦးရေဟာ တနင်္ဂနွေနေ့က အယောက် ၃၀ လောက် ရှိရာကနေ ကြာသပတေးနေ့မှာ ၇၀ ကျော်အထိ မြင့်မားရောက်ရှိလာတာကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ကျန်းမာရေး သတိပေးချက်တွေ တပ် လှန့်ထားပါတယ်။

နယူးဒေလီမြို့တော်မှာ ကူးစက်ဖြစ်ပွားသူ ခြောက်ဦးပဲ ရှိပေမယ့် နယူးဒေလီ ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်ရဲ့ လူဦးရေ သန်း ၂၀ ဟာ ကူးစက်မြန်ရောဂါကပ်ဘေးမှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly