ရန်ကုန်တွင် စက်ရုံ ၁၄ ရုံ ပိတ်သိမ်းရန် အစိုးရထံ တင်ပြထား

ရန်ကုန်တွင် စက်ရုံ ၁၄ ရုံ ပိတ်သိမ်းရန် အစိုးရထံ တင်ပြထား

နေပြည်တော် ၊ မတ်၁၂

အောင်မြတ်သူ

ရန်ကုန်တိုင်းအတွင်းတွင် ပိတ်သိမ်းမည့် စက်ရုံအရေအတွက် ၁၄ရုံထိ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

လက်ရှိပိတ်သိမ်းသည့် စက်ရုံများသည် မြေပိုင်ရှင်မှ ဆက်လက်ငှားရမ်းမှုမရှိခြင်း၊ အရှုံးပေါ်ခြင်း နှင့် ကုန်ကြမ်းပြတ်လပ်ခြင်းများ စသည့် အကြောင်းပြချက်များဖြင့် ပိတ်သိမ်းရန် တင်ပြထားကြောင်း သူမကဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ နှစ်ရုံသည် အလုပ်သမားများကို လုပ်ခလစာ မရှင်းပဲ ထွက်ပြေးသွားသည့်အတွက် အဆိုပါ လုပ်ငန်းရှင် နှစ်ဦးပိုင်ဆိုင်သည့် စက်ရုံများမှ ပစ္စည်းများကို ထုခွဲရောင်းချပြီး လုပ်ခ လစာများကို ပေးချေရန် စီစဉ်နေကြောင်း သိရသည်။

ရိုက်ကူး-အောင်မြတ်သူ/ တည်းဖြတ်-သန်းထိုက်အောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly