ဥရောပမှ ခရီးသွားလာမှုများကို အမေရိကန် ပိတ်ပင်ဆိုင်းငံ့

ဥရောပမှ ခရီးသွားလာမှုများကို အမေရိကန် ပိတ်ပင်ဆိုင်းငံ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ဥရောပအပေါ် ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ကြေညာလာပါတယ်။

ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ ထရမ့်က ဥရောပနိုင်ငံတွေက ခရီးသွားလာမှုအားလုံးကို ရက် ၃၀ ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တင်းကြပ်ပေမယ့် လိုအပ်လိုပြဌာန်းတဲ့ အခု ကန့်သတ်ချက်တွေမှာ လက်ရှိ ကိုရိုနာကူးစက်မှု ၄၆၀ ရှိတယ်လို့ အတည်ပြုထားတဲ့ ဗြိတိန်နိုင်ငံကတော့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ ထရမ့်က ပြောပါတယ်။

အမေရိကန်နိုင်ငံတစ်လွှားမှာ ကိုရိုနာဖြစ်ပွားသူ ၁၁၃၅ ဦး ရှိပြီး ၃၈ ဦးအထိ သေဆုံးထားပါတယ်။

“ကျွန်တော်တို့ ကမ်းခြေတွေကနေ ဝင်ရောက်ပြီး ကိုရိုနာကူးစက်မဖြစ်ပွားလာရအောင် ကျွန်တော်တို့ဟာ ဥရောပက ခရီးသွားလာမှုအားလုံးကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။”လို့ ဘဲဥပုံရုံးခန်းကနေပြီး ဗုဒ္ဓဟူးနေ့မှာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

“အခု စည်းမျဉ်းစည်းကမ်းသစ်တွေဟာ သောကြာနေ့ ညလယ်ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။”လို့ ထရမ့်က ဆိုပါတယ်။

ဒါအပြင် ထရမ့်က အီးယူဟာ အမေရိကန်လို ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အလားတူ ကြိုတင်ကာကွယ်မှု လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်ဆိုပြီးလည်း ပြောဆိုပါတယ်။

တရုတ်ပြင်ပမှာ အဆိုးဝါးဆုံး ကိုရိုနာ ကူးစက်ဖြစ်ပွားနေရာ အီတလီနိုင်ငံမှာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ ကြေညာပြီး နာရီပိုင်းမှာပဲ ထရမ့်က ရုပ်မြင်သံကြားကနေ အခု ကြေညာချက်ကို ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly