တပ်မတော်နှင့် နိုင်ငံတော်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ကြံ့ခိုင်ရေး အမတ်ပြော

11 March 2020
တပ်မတော်နှင့် နိုင်ငံတော်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ကြံ့ခိုင်ရေး အမတ်ပြော

နေပြည်တော်၊ မတ်၁၁

သန်းထိုက်အောင်

ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ရလာဒ်သည် တပ်မတော်က လွှမ်းမိုးထားသည့်အတွက် မပြင်ဆင်နိုင်ကြောင်း နိုင်ငံတကာကို သိစေချင်သည့်အဓိပ္ပာယ်ဆိုပါက နိုင်ငံတကာတရားရုံးတွင် တရားစွဲခံထားရသည့် အခြေအနေကြောင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် အများကြီး အန္တရာယ်ရှိနိုင်ကြောင်းနှင့် လွန်စွာစိတ်ပူကြောင်း ကြံ့ခိုင်ရေးပါတီအမတ် ဦးသောင်းအေးက ပြောသည်။

"မြန်မာနိုင်ငံမှာ တပ်မတော်က ဒီလိုလွှမ်းမိုးထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတောင် မပြင်နိုင်ပါဘူးဆိုတာ နိုင်ငံတကာကို Message ပေးချင်တာလား။ အဲလိုပေးချင်ရင် တစ်ဖက်က အပြည်ပြည်ဆိုင်ရာ ခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဘက်မှာ တပ်မတော်အတွက် နိုင်ငံတော်အတွက် အများကြီးအန္တရာယ်ရှိနိုင်တယ်။အန်ကယ်တို့ကတော့ အဲဒါကို အရမ်းစိတ်ပူတယ်" ဟု ၎င်းကပြောသည်။

မတ်လ ၁၁ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဒုတိယနေ့အဖြစ် မဲခွဲဆုံးဖြတ်သည့် ပြည်ထောင်စု လွှတ်တော်အပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နှစ်ရက်ဆက်တိုက် ပုဒ်မ၊ ပုဒ်မခွဲ ၂၉ခုကို မဲခွဲဆုံးဖြတ်ရာတွင် မသန်စွမ်းနှင့်ဆိုင်သည့် စကားရပ်ပြင်ဆင်မှု မုဒ်မ နှစ်ခုသာ ပြင်ဆင်ခွင့် ရထားသည်။

ရိုက်ကူး/တည်းဖြတ်- သန်းထိုက်အောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly