COVID-19 ဖြစ်ပွားမှုကြောင့် အမေရိကန်ဒီမိုကရက်တစ်သမ္မတလောင်း မဲဆွယ်စည်းရုံးပွဲတချို့ ဖျက်သိမ်းခဲ့ရ

COVID-19 ဖြစ်ပွားမှုကြောင့် အမေရိကန်ဒီမိုကရက်တစ်သမ္မတလောင်း မဲဆွယ်စည်းရုံးပွဲတချို့ ဖျက်သိမ်းခဲ့ရ

မတ် ၁၁။                ။ ကိုရိုနာဗိုင်းရပ်စ်အရေး စိုးရိမ်ပူပန်ရမှုကြောင့် အမေရိကန်ဒီမိုကရက်တစ်သမ္မတကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဘာနီ ဆန်းဒါးစ်နဲ့ ဂျိုး ဘိုင်ဒန်တို့ရဲ့ မတ်လ ၁ဝ ရက်နေ့ည အိုဟိုင်းယိုးပြည်နယ်ကလီဗာလန်းမြို့ မဲဆွယ်စည်းရုံးပွဲတွေကို အသီးသီး ဖျက်သိမ်းခဲ့ရပါတယ်။

ဒါဟာ COVID-19 ကြောင့် အဓိက ကျတဲ့ အမေရိကန်နိုင်ငံရေး ပွဲအခမ်းအနားတွေကို ပထမဆုံးအကြိမ် ဖျက်သိမ်းလိုက်ရခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ယင်းဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံတဝန်း လူပေါင်း ၁၀၀၀ ကျော်အထိ ကူးစက်ထားပြီးဖြစ်သလို သေဆုံးသူ ၃၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

“အများပြည်သူ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ရတာကြောင့် ကျွန်တော်တို့ဟာ ကလီဗာလန်းမှာ ဒီည ပြုလုပ်မယ့် မဲဆွယ်စည်းရုံးပွဲကို ဖျက်သိမ်းလိုက်ရပါတယ်” လို့ ဘာနီ ဆန်းဒါးစ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်သွားပါတယ်။

တချိန်တည်းမှာလည်းပဲ အလားတူအတိုင်း စိုးရိမ်ပူပန်ရမှုကြောင့် မဲဆွယ်စည်းရုံးပွဲ ဖျက်သိမ်းတဲ့အကြောင်းကို ဂျိုးဘိုင်ဒန်ရဲ့ စည်းရုံးရေးအဖွဲ့ကလည်း ကြေညာသွားခဲ့ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးချယ်ပွဲအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေလည်း ကြီးထွားလာခဲ့ပြီလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly