ကိုရိုနာကြောင့် ကမ္ဘာတစ်ဝန်းရှိကျောင်းသား သန်း ၃၆၀ ကျော်၏ ပညာရေးအပေါ် သက်ရောက်မှုရှိဟု UNESCO ပြော

ကိုရိုနာကြောင့် ကမ္ဘာတစ်ဝန်းရှိကျောင်းသား သန်း ၃၆၀ ကျော်၏ ပညာရေးအပေါ် သက်ရောက်မှုရှိဟု UNESCO ပြော

မတ် ၁၁။               ။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ပညာရေးစနစ်ကိုပါ ထိခိုက်လျက်ရှိပြီး ကျောင်းသားများ အဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံပေါင်း ၇၀ ကျော်က ပညာရေးကိုယ် စားလှယ်တွေပါဝင်ဆွေးနွေးခဲ့တဲ့ ဗီဒီယိုညီလာခံကို ပြင်သစ်မှာ မတ်လ ၁၀ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၅ နိုင်ငံက စာသင်ကျောင်းနှင့် တက္ကသိုလ်တွေပိတ်ထားရတာကြောင့်  ကျောင်းသူကျောင်းသား ၃၆၃ သန်းခန့် အခက်ကြုံနေရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ညွှန်ကြား ရေးမှူးချုပ် Audrey Azoulay က ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရေးဝန်ကြီးတွေနဲ့ ဗီဒီယိုညီလာခံလုပ်တာ ဒါပထမဆုံးအကြိမ်ပါ၊ နိုင်ငံပေါင်း ၇၂ နိုင်ငံက ပညာရေးဝန်ကြီး အယောက် ၄၀ လောက်၊ ပညာရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာပါ”လို့ Aundrey က ဆိုပါတယ်။

ကမ္ဘာပေါ်ရှိ နိုင်ငံဒေသပေါင်း ၁၁၉ ခုမှာ ကိုရိုနာကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူပေါင်း ၄၂၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၁၂၀ ၀၀၀ နီးပါးရှိပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံတိုင်းနဲ့ ဆင်းရဲချမ်းသာမရွေး လူသားအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ WHO အကြီးအကဲ အက်ဒ်နွမ်ဂေဘရဲယက်ဆွတ်က ပြောပါတယ်။

ကူးစက်မြန်တဲ့ ကိုရိုနာကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှာကို ပိုမိုစိုးရိမ်လာကြပြီး ဥရောပနဲ့အမေရိကန်ငွေလဲလှယ်မှုနှုန်းတွေ ကျဆင်းမှုတွေရှိခဲ့ကာ ကမ္ဘာ့စတော့ဈေးကွက်ကိုလည်း ရိုက်ခတ်နေတာပါ။

ပြင်သစ်မာရသွန်၊ ရုရှားစီးပွားရေးဖိုရမ်နဲ့ အီတလီမှာကျင်းပနေတဲ့ အားကစားပွဲ စတာတွေကို ရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းတွေလည်းလုပ်ခဲ့ကြရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly