ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြောင်းလဲနိုင်ရေး ထပ်ကြိုးစားရမည်

11 March 2020
ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြောင်းလဲနိုင်ရေး ထပ်ကြိုးစားရမည်

နေပြည်တော်၊ မတ် ၁၀

သန်းထိုက်အောင်

ဒီမိုကရေစီစနစ်တစ်ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေး ထပ်မံကြိုးစားရဦးမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် စတင်မဲခွဲသည့် မတ်လ ၁၀ရက်နေ့က လွှတ်တော်ကို လာရောက်လေ့လာသူအဖြစ် ရောက်ရှိခဲ့သည့် ဦးဖြိုးမင်းသိန်းက မီဒီယာများကို အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာသူများထဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly