အဒဲလ်၏ Hello တေးသီချင်း ဗြိတိန် တစ်ကိုယ်တော် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

အဒဲလ်၏ Hello တေးသီချင်း ဗြိတိန် တစ်ကိုယ်တော် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဗြိတိန်အဆိုတော် အဒဲလ်၏ Helllo တေးသီချင်းသည် သုံးနှစ်တာ ကာလအတွင်း ရောင်းအား အကောင်းဆုံး တေးသီချင်း တစ်ပုဒ်ဖြစ်လာခဲ့ပြီး ဗြိတိန် တစ်ကိုယ်တော် တေးသီချင်း ဇယားတွင် နံပါတ်တစ်နေရာ၌ ရပ်တည်လျက် ရှိသည်။

Hello တေးသီချင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်လွှင့်ခဲ့ရာ လူကြိုက်များမှုများ ရရှိခဲ့ ကြောင်းနှင့် အဆိုပါ တေးသီချင်းသည် မကြာမီ ထွက်ရှိမည့် အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ် ထဲမှ ပထမဆုံး ထုတ်လွှင့်ခဲ့သည့် တေးသီချင်း ဖြစ်သည်။

Hello တေးသီချင်းသည် အဖွင့်သီတင်းပတ်တွင် အချပ်ရေ ၃၃၀,၀၀၀ ရောင်းချခဲ့ရကြောင်း နှင့် သြစတြးလျ တေးဂီတအဖွဲ့ 5 Seconds of Summer အဖွဲ့သည် Sounds Good Feels Good  တေးသီချင်းအယ်လ်ဖြင့် ဗြိတိန် တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

Hello တေးသီချင်းသည် ၂၀၁၁ ခုနှစ်က Someone Like You တေးသီချင်းပြီးနောက်  ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသော အဒဲလ်၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးသီချင်း ဖြစ်သည်။

ဂျက်စတင်ဘီဘာ၏  What Do You Mean  တေးသီချင်းသည် နံပါတ်တစ်နေရာတွင် သီတင်းပတ် သုံးပတ်ကြာ ရပ်တည်ခဲ့ပြီးနောက် သီတင်းပတ်များစွာအကြာ မကြာသေးမီက ထွက်ရှိ ခဲ့သော ဘီဘာ၏ Sorry တေးသီချင်းသည် နံပါတ်နှစ်နေရာတွင် ရပ်တည်လျက် ရှိသည်။

ဒရာကီ၏ Hotline Bling တေးသီချင်းသည် နံပါတ်သုံးနေရာတွင် ရပ်တည်လျက်ရှိပြီး ဆမ်စ မစ်၏ ဂျိမ်းစဘွန်းဇာတ်ကား ဇာတ်ဝင်တေးသီချင်း Writing’s on the Wall  တေးသီချင်းသည် နံပါတ် လေးနေရာတွင် ရပ်တည်လျက်ရှိကာ အဆိုတော် The Weeknd ၏  The Hills တေးသီချင်းသည် နံပါတ် ငါးနေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags