ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အဓိကဗဟိုချက် ဝူဟန်မြို့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပထမဆုံး သွားရောက်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အဓိကဗဟိုချက် ဝူဟန်မြို့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပထမဆုံး သွားရောက်

မတ် ၁၀။           ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ဗဟိုချက် ဝူဟန်မြို့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် မတ်လ ၁၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် အကျပ်အတည်း ပြီးခဲ့သည့် ဇန်နဝါရီမှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အဓိက ဗဟိုချက်ဖြစ်သော ဝူဟန်သို့ သမ္မတ ရှီ သွားရောက်သည့် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ယခုကဲ့သို့ ဝူဟန်သို့ သမ္မတ ရှီကိုယ်တိုင် ရောက်ရှိသွားခြင်းနှင့်အတူ ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဆိုပြီး တာဝန်ရှိသူတွေဘက်က ယုံကြည်သည့် လက္ခဏာကောင်းတစ်ရပ်လည်း ဖြစ်လာခဲ့သည်။

သမ္မတ ရှီသည် ယခု ဝူဟန်ခရီးစဉ်ကို ကြိုတင် မကြေညာဘဲ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ဗိုင်းရပ်စ် ကူးစက်မှုစတင်ဖြစ်ပွားပြီး အဓိက ကူးစက်ရာနေရာ ဝူဟန်နှင့် ဟူပေပြည်နယ်တွင်းက ကျန်ဒေသများကို အထူးပိတ်ဆို့ပြီး ထိန်းချုပ်ကန့်သတ်မှု လုပ်ခဲ့ပြီးနောက် ယခုအခါမှာ ယင်းလုပ် ဆောင်ချက်များသည် အောင်မြင်မှုရရှိလာခဲ့သည်ကိုပါ ပြသနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်များအတွင်း ကူးစက်မှုအသစ် တွေ့ရှိမှုကလည်း သိသိသာသာ ကျဆင်းထားခဲ့သည်ဟု သိရသည်။

သမ္မတ ရှီသည် ဝူဟန်သို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required