ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူတွေကို သီးခြားခွဲထားတဲ့ တရုတ်ဟိုတယ် ပြိုကျပြီး ၆ ဦး သေဆုံးဟု ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူတွေကို သီးခြားခွဲထားတဲ့ တရုတ်ဟိုတယ် ပြိုကျပြီး ၆ ဦး သေဆုံးဟု ထုတ်ပြန်

မတ် ၈။            ။ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေကို သီးခြားခွဲထားရာမှာ အသုံးပြုတဲ့ ဟိုတယ်တစ်လုံး မနေ့ညက ပြိုကျခဲ့ပြီးနောက် ယခုအခါ ယင်းဖြစ်စဉ်ကြောင့် လူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဟိုတယ်ပြိုကျမှုဖြစ်စဉ်မှာ လူသေဆုံးမှု ရှိခဲ့ပြီဆိုတဲ့ အကြောင်းကို အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မတ်လ ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဟိုတယ် ပြိုကျပြီး ပိတ်မိနေခဲ့သူ ၇၀ ကျော်အနက် အသက်ရှင်သူ ၃၈ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပျက်အစီးပုံအောက်ကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့အနက် ငါးဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းကတော့  ယင်း ပြိုကျ အပျက်အစီးပုံအောက်ကနေ လူ ၄၈ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါသေးတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ ပြိုကျအဆောက်အအုံရဲ့ ပိုင်ရှင်က ရဲက ခေါ်ယူစစ်မေးနေတယ်လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly