အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ ၂၃၀ ကျော်အထိ မြင့်တက်

အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ ၂၃၀ ကျော်အထိ မြင့်တက်
Photo  - AFP

မတ် ၈။          ။ အီတလီနိုင်ငံမှာ ယမန်နေ့ မတ်လ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်် သေဆုံးသူ ၃၆ ယောက် ထပ်တိုးလာခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းဟာ ၂၃၃ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ တနေ့တည်းမှာပဲ စံချိန်တင် ၁,၂၄၇ ယောက်အထိ တက်ခဲ့တဲ့အတွက် ယခုအခါ စုစုပေါင်း ကူးစက်ခံထားရသူ ၅,၈၈၃ ဦး ရှိနေပြီလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အီတလီဟာ တရုတ်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် အများဆုံးနိုင်ငံ ဖြစ်နေပြီး ကူးစက်မှုအရေအတွက်နဲ့ ကြည့်ရင်လည်း တရုတ်နဲ့ တောင်ကိုရီးယားပြီးရင်  တတိယမြောက် ကူးစက်မှု အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ ထပ်တိုးချမှတ်လုပ်ဆောင်ရေး အမိန့်ဒီဂရီတစ်ရပ်ကိုလည်း အစိုးရက အတည်ပြုသွားဖို့ရှိတယ်လို့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ အကြီးအကဲ အန်ဂျယ်လို ဘော်ရယ်လာက ပြောသွားပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ယင်းနိုင်ငံမှာ ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ လူအများစုဝေးပွဲတွေကို ပိတ်ထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly