ဆီးရီးယား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အမေရိကန်ကန့်ကွက်သော်လည်း ဂျာမနီ ဗြိတိန်နှင့်တရုတ်တို့က ကြိုဆို

ဆီးရီးယား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အမေရိကန်ကန့်ကွက်သော်လည်း ဂျာမနီ ဗြိတိန်နှင့်တရုတ်တို့က ကြိုဆို

မတ် ၇။          ။ ရုရှားနှင့်တူရကီအကြား ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက သဘောတူထောက်ခံတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို အမေရိကန်တို့က ကန့်ကွက်ပေမယ့် ဂျာမနီ၊ ဗြိတိန်နဲ့တရုတ်တို့ရဲ့ ကုလဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တွေကတော့ ကြိုဆိုလိုက်ပါတယ်။

ရုရှား-တူရကီရဲ့အပစ်ရပ်သဘောတူညီချက်ကို ထောက်ခံကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်တို့က ကန့်ကွက်ခဲ့တယ်လို့ နယူးယောက် ကုလရုံးချုပ်မှာ မတ်လ ၆ ရက်နေ့က ပြုလုပ်တဲ့ တံခါး ပိတ်ဆွေးနွေးပွဲအပြီး ကုလဆိုင်ရာသံအမတ်တွေက သတင်းထောက်တွေကို ပြောပြခဲ့တာပါ။

ကုလဆိုင်ရာ ရုရှားသံအမတ် ဗာစီလီနီဘန်ဇီယာက အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံကို အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထောက်ခံခိုင်းတာဟာ အရမ်းဆန္ဒစောလွန်းနေတယ်လို့ အမေရိကန် တို့ကပြောခဲ့တာပါ။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တူရကီသမ္မတအာဒိုဂန်တို့ရဲ့ အပစ်ရပ်သဘောတူညီချက်အပြီး ဆီးရီးယားအနောက်မြောက်ပိုင်းက အီဒလစ်ပြည်နယ်မှာ လပေါင်းများစွာ ပထမဆုံးအနေနဲ့ သောကြာနေ့က စစ်လေယာဉ်တွေ ကင်းစင်နေခဲ့ပါတယ်။

“စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားပြည်သူသန်းပေါင်းများစွာအတွက် ကျွန်တော်တို့စိုးရိမ်ပါတယ်၊ ဒီသဘောတူညီချက်က စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်နိုင်ပြီး အန္တရာယ်ကင်းကင်းနဲ့ နေနိုင်မလားဆိုတာ စောင့်ကြည့် ရမှာပေါ့” လို့ ဂျာမနီသံအမတ် ခရစ္စတော့ဖ်ဟေဆင်က ပြောပါတယ်။

ရုရှား-တူရကီအပစ်ရပ်သဘောတူညီချက်ကို အမေရိကန်တို့က ကန့်ကွက်ခဲ့တဲ့အတွက် လုံခြုံရေးကောင်စီမှာ အမေရိကန်-တာလီဘန်ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အတည်ပြုချက်အတွက်လည်း မော်စကိုဘက်က ဆန့်ကျင်သွားဖွယ်ရှိတယ်လို့ ကုလသံအမတ်တွေက ဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုမျှကြာနေပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခကြောင့်  လူပေါင်း ၃၈၀ ၀၀၀ ကျော်သေဆုံးခဲ့ပြီး နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly