တူနီးရှားမှာ အမေရိကန်သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ပွား

တူနီးရှားမှာ အမေရိကန်သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်ပွား
Photo: AFP

တူနီးရှားနိုင်ငံရဲ့ မြို့တော် တူးနစ်ရှိ အမေရိကန်သံရုံးကို သောကြာနေ့က တိုက်ခိုက်ရေးသမားတစ်ဦး ပစ်မှတ်ထားတိုက်ခိုက်ရာ ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး ရဲအပါအဝင် ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒီတိုက်ခိုက်မှုအတွင်း တိုက်ခိုက်ရေးသမားဖြစ်သူကို ပစ်သတ်လိုက်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်သူဟာ သံရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားပေမယ့် ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့တာဖြစ်ကြောင်း ရဲတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အခု တိုက်ခိုက်မှုမှာ ရဲအချို့ဒဏ်ရာရကြောင်း ၎င်း တာဝန်ရှိသူက ပြောပေမယ့် အသေးစိတ်တော့ ပြောကြားခြင်း မရှိပါ။

“တိုက်ခိုက်ရေး ဆင်နွှဲမှုဟာ ဆုံးခန်းတိုင်သွားခဲ့တယ်။”လို့ ၎င်းက ဆိုပါတယ်။

တိုက်ခိုက်တဲ့သူဟာ မော်တော်ဆိုင်ကယ်ကို စီးလာပြီး သံရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ အသေခံတိုက်ခိုက်မှုလားဆိုတာကိုတော့ ရဲတပ်ဖွဲ့က လတ်တလော ပြောကြားနိုင်ခြင်း မရှိသေးပေမယ့် တိုက်ခိုက်မှု ဖြစ်ရာက သဲလွန်စတွေကို စိစစ်လျက် ရှိနေပါတယ်။

တိုက်ခိုက်ရေးသမားဟာ သံရုံးထဲ မဝင်ရောက်နိုင်ဘဲ ဖောက်ခွဲခဲ့တာကြောင့် သံရုံးအနီးက လမ်းသွားလမ်းလာတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

တူနီးရှားနိုင်ငံဟာ ၂၀၁၁ တော်လှန်ရေးနောက်ပိုင်း ဂျီဟတ်ဝါဒ တက်ကြွလှုပ်ရှား မှုတွေကို ရင်ဆိုင်နေရပြီး ဂျီဟတ်တိုက်ခိုက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေနဲ့ နိုင်ငံခြားသားတွေ သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly