လက်ပံတောင်းကြေးနီစီမံကိန်းမြေငှားခ တစ်နှစ်လျှင် ၂၉သိန်းနီးပါးသာရရှိ၍ နိုင်ငံအတွက် များစွာနစ်နာ

လက်ပံတောင်းကြေးနီစီမံကိန်းမြေငှားခ တစ်နှစ်လျှင် ၂၉သိန်းနီးပါးသာရရှိ၍ နိုင်ငံအတွက် များစွာနစ်နာ

နေပြည်တော် ၊ မတ် ၆။               ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသည့်  မြေဧက ရှစ်ထောင်နီးပါးအတွက် တစ်နှစ်ကို  မြေငှားခ ၂၉သိန်းနီးပါးသာ ရရှိသဖြင့်  နိုင်ငံတော်တွင် အလွန်နစ်နာနေသည့်အတွက်  မြေငှားခ တိုးမြှင့်ပေးရန်  အစီအစဉ် ရှိ မရှိ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲထွဋ် က လွှတ်တော်မှာ မေးမြန်းခဲ့သည်။

မတ်လ၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့်  ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် ၁၅ကြိမ်မြောက်  လွှတ်တော်ပုံမှန်အစည်းအဝေးတွင်  လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ကမေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းကို လာရောက်ဖြေဆိုခဲ့သည့် ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က  မြေငှားခကို တိုးမြှင့်ပေးရန် ရှိ မရှိကို တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိဘဲ  နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောနှုန်းထားအတိုင်း နှစ်စဉ် ပေးဆောင်နေကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly