လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်း

လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်း
Aung San Suu Kyi no longer has the freedom of the City of London (AFP Photo/Koen Van WEEL)

မတ် ၆။             ။လန်ဒန်မြို့တော်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံ၏လူနည်းစုဘင်္ဂါလီအရေး ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး အလိုမကျသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်  Freedom of the City of London ခေါ် လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆုကို  ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မတ်လ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 လန်ဒန်မြို့တော်ကော်ပိုရေးရှင်းသည် ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်ရုပ်သိမ်းရန် လွန်ခဲ့သော သုံးနှစ်က မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ခေတ္တဆိုင်းငံ့ထားခြင်းသည်။

ထိုနောက်ပိုင်း မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စွပ်စွဲခံခဲ့ရသည်ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကာကွယ်ချေပပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာထောက်ထားမှုမရှိတဲ့လုပ်ရပ်တွေကို ရှုတ်ချတဲ့အနေနဲ့  ဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ရတာဖြစ်ပါတယ်။”ဟု ဂုဏ်ထူးဆောင်ဆုပေးအပ်သည့် ကော်မတီ ဥက္ကဋ္ဌဖြစ်သူ David Wootton က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခဲ့မှုနှင့် ပြည်သူများ အေးချမ်းလုံခြုံပြီး လွတ်လပ်စွာနေထိုင်နိုင်စေမည့် လူ့အသိုက်အဝန်း တစ်ခုကို တည်ထောင်နိုင်ရန် စွန့်လွှတ်အနစ်နာခံခဲ့သည်များကို အသိအမှတ်ပြုသည့်အနေဖြင့် The City of London Corporation က ၂၀၁၇ ခုနှစ် မေ၌ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥရောပခရီးစဉ်အတွင်း အဆိုပါဂုဏ်ထူးဆောင်ဆုကို လက်ခံရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ Freedom of the City of London ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရသူများထဲတွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတာချာချီ၊ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားနှင့် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းတို့လည်း အပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly