ကိုရိုနာကြောင့် လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်တော့မယ့် ပရီးမီးယားလိဂ်

ကိုရိုနာကြောင့် လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်တော့မယ့် ပရီးမီးယားလိဂ်

မတ်၊ ၆

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုစိုးရိမ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ မစခင် အသင်းနဲ့တာဝန်ရှိသူတွေကြား လက်ဆွဲနှုတ်ဆက်ခြင်းကို ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ အင်္ဂလန်ပရီးမီးယားလိဂ်က ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့အရေးပေါ်အစီအစဉ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်က အခုလို ထုတ်ပြန်ခဲ့တာပါ။

အသင်းတွေဟာ ပွဲမစတင်မှီ လက်ဆွဲနှုတ်ဆက်ခြင်းကို မပြုလုပ်တော့ဘဲ ပွဲကို ကန်ကြရတော့မှာပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၈၇နိုင်ငံထိ ကူးစက်ပြန့်ပွားနေပြီး ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ၉ သောင်းကျော်ထိရှိ လာပြီလည်းဖြစ်ပါတယ်။

ပရီးမီယားလိဂ်ဝက်ဘ်ဆိုက်ကထုတ်ပြန်ချက်အရ “ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲမစတင်ခင် အသင်းတွေနဲ့တာဝန်ရှိသူတွေကြား လက်ဆွဲနှုတ်ဆက်ခြင်းကိုတော့ လာမည့်အပတ်က စတင်ကာ ပြုလုပ်သွားတော့မှာမဟုတ်ပါဘူး။ အစိုးရဘက်က ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေ နောက်ထပ်မထုတ်ပြန်ခင်ထိတော့ လက်ဆွဲနှုတ်ဆက်ခြင်းကို ပြုလုပ်မှာမဟုတ်ဘူး”လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ နှာခေါင်းနဲ့ပါးစပ်တွေအပြင် လက်တွေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။

ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နယူးကာဆယ်မန်နေဂျာ စတိဗ် ဘရုစ်ကလည်း ပြီးခဲ့တဲ့အပတ်တည်းက မနက်ခင်းမှာ သူ့အသင်းသားတွေကို လက်ဆွဲနှုတ်ဆက်တာတွေ မပြုလုပ်ဖို့ ရပ်တန့်ထားတယ်လို့ ပြောပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်က လည်း လက်ဆွဲနှုတ်ဆက်ရမယ့်အစား လက်သီးနဲ့ထိုးခြင်းခံရမယ်လို့ ပြောပါတယ်။

ဆောက်သမ်တန်အသင်းကလည်း ကစားသမားတွေကို ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်တာတွေ၊ လက်မှတ်ရေးထိုးတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အချို့နိုင်ငံတွေက ဘောလုံးပြိုင်ပွဲအချို့ဟာ ခေတ္တရပ်ဆိုင်းထားတာမျိုး၊ ကွင်းပိတ်ကစားတာမျိုး၊ ပွဲရွှေ့ဆိုင်းထားရတာမျိုးတွေပါရှိနေတယ်လို့ သိရပါတယ်။

Source- BBC Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly