ရိုမေနီးယား နိုက်ကလပ်တစ်ခု မီးလောင်မှုကြောင့် ၂၇ ဦးသေဆုံး

ရိုမေနီးယား နိုက်ကလပ်တစ်ခု မီးလောင်မှုကြောင့် ၂၇ ဦးသေဆုံး

ဘူခါရက်စ်၊ အောက်တိုဘာ ၃၁ ။              ။ ရိုမေနီးယားနိုင်ငံ ဘူခါရက်စ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် အောက်တိုဘာ ၃၀ ရက် ညပိုင်းက မီးလောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ၂၇ ဦးထိ သေဆုံးပြီး ၁၅၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု အစိုးရတာဝန်ရှိသူများနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဆယ်စုနှစ်များအတွင်း မြို့တော် ဘူခါရက်စ်တွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ဖြစ်ရပ်များထဲမှ တစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီး လူငယ်အများစု အပါအဝင် လူပေါင်း၄၀၀ ခန့်သည် အခင်းဖြစ်ပွားချိန်တွင် ထွက်ပေါက်၌ အလုအယက်စုပြုံတိုးဝှေ့ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ယင်းမတိုင်မီက ကလပ်ထဲတွင် မီးရှုးမီးပန်း ပစ်ဖောက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ အဆောက်အဦး၏ ဒေါက်တိုင်နှင့် မျက်နှာကျက်တို့ မီးထဲပါသွားခဲ့ပြီးနောက် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ မီးခိုးလုံးများထွက်ပေါ်လာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

Colective အမည်ရ ကလပ်တွင် အခင်းဖြစ်ပွားချိန်က လူအများ ကြောက်လန့်တကြား စုပြုံထွက်ပြေးကြရာမှ တစ်ချို့မှာလူနင်းခံရခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ ဆိုသည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရိုမေးနီးယား ဝန်ကြီးချုပ် ဂါဘရီယယ် အော်ပရာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly