ဆန္ဒပြမှုကြောင့် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သမီးကို မလေးရှားရဲ ခေါ်ယူစစ်မေး

ဆန္ဒပြမှုကြောင့် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ သမီးကို မလေးရှားရဲ ခေါ်ယူစစ်မေး
Photo: AFP

မလေးရှားရဲတပ်ဖွဲ့သည် လူအုပ်ငယ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်၏ သမီးဖြစ်သူနှင့် အခြား ၁၈ ဦးကို မတ် ၄ ရက်က ခေါ်ယူစစ်မေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်ဖြစ်သည့် မဟာသီယာ အာဏာလက်လွတ်ရမှုနှင့် အကျင့်ပျက်ခြစားမှု မကင်းသော ပါတီ အာဏာပြန်ရခြင်းတို့အတွက် ၎င်းတို့က ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်က သမိုင်းဝင်အောင်ပွဲနှင့်အတူ အာဏာရလာခဲ့သော ပြုပြင်ပြောင်းလဲရေး Pact of Hope ညွန့်ပေါင်းပါတီသည် ပြီးခဲ့သည့် သီတင်းပတ်က ပြိုကွဲသွားပြီး မဟာသီယာက ရာထူးက နုတ်ထွက်သွားခြင်း ဖြစ်သည်။

ယင်းနောက်တွင် မဟာသီယာက ဝန်ကြီးချုပ်အဖြစ် အာဏာပြန်ရရေး ကြိုးစားသော်လည်း မမျှော်လင့်ဘဲ မူဟီဒင်ယက်ဆင်က ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သည်။

ယက်ဆင်သည် ၂၀၁၈ ခုနှစ်က ဖျက်သိမ်းခံရသည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ရှိနေသော ယူနိုက်တက်မလေးအမျိုးသားအဖွဲ့အစည်း UMNO ၏ ကျောထောက်နောက်ခံ ရှိထားသူဖြစ်သည်။

ယက်ဆင်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းကြောင့် ကူလာလာမ်ပူတွင် လူတစ်ရာထက် မပိုသော လူအုပ်စုများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအချို့ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

သို့သော်လည်း မလေးရှားဥပဒေအရ ရဲထံ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြမှုသည် တရားမဝင်သောကြောင့် မဟာသီယာ သမီး မာရီနာ အပါအဝင် ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူများအား ရဲက ခေါ်ယူစစ်မေးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly