စင်္ကာပူမှ ကိုရိုနာဆေးစစ်တမ်းများနှင့် PCR စက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

စင်္ကာပူမှ ကိုရိုနာဆေးစစ်တမ်းများနှင့် PCR စက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

မတ် ၄

စင်္ကာပူသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးသည့် စက်ပစ္စည်းများနှင့် ဆေးစစ်တမ်းများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ၏  မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ကိုရိုနာဆေးစစ်တမ်းပေါင်း ၃၀၀၀ ခန့် နှင့် ဓာတ်ခွဲစမ်းသပ်သည့် polymerase chain reaction (PCR) စက် နှစ်လုံးကို ပို့ဆောင်လိုက်ကြောင်း MFA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Vanessa Chan က  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဗဟိုဌာနမှ ဒေါက်တာဌေးဌေးတင်အား အဆိုပါပစ္စည်းများလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ယခုအချိန်ထိ Covid-19 ကူးစက်ခံရခြင်းမရှိသေးဘဲ တရုတ်နိုင်ငံတွင် ကူးစက်မှု ၈၀၀၀၀ ကျော်နှင့် တစ်ကမ္ဘာလုံးတွင် ၉၁ ၀၀၀ နီးပါးရှိပြီဖြစ်သည်။

နိုင်ငံဒေသပေါင်း ၇၇ နိုင်ငံတွင် ကိုရိုနာရောဂါကူးစက်ပျံ့နှံ့လျက်ရှိပြီး ယခုအချိန်တွင် ယူကရိန်းနိုင်ငံသည် နောက်ဆုံးကူးစက်ခံရသည့်နိုင်ငံဖြစ်သည်။

တရုတ်တွင် ကိုရိုနာကြောင့် သေဆုံးသူ ၂၉၄၃ ဦးနှင့် တခြားနိုင်ငံများတွင် အနည်းဆုံး ၁၂၅ ဦးရှိပြီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required