ပါကစ္စတန်မှာ ကြုံတွေ့နေတဲ့ အဆိုးရွားဆုံးသော ကျိုင်းကောင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ခက်ခဲနေ

ပါကစ္စတန်မှာ ကြုံတွေ့နေတဲ့ အဆိုးရွားဆုံးသော ကျိုင်းကောင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ခက်ခဲနေ

မတ် ၄။        ။ ဆယ်စုနှစ် သုံးခုနီးပါးကာလအတွင်း နိုင်ငံမှာ အဆိုးရွားဆုံးသော ကျိုင်းကောင်ပြဿနာကို ဖြေရှင်းတိုက်ဖျက်နိုင်ဖို့အတွက် ပါကစ္စတန်တောင်သူတွေ ရုန်းကန်နေရလျက် ရှိပါတယ်။

ယင်းနိုင်ငံရဲ့ စိုက်ပျိုးရေး အချက်အချာဒေသတွေမှာ မြောက်မြားလှစွာသော ကျိုင်းကောင်တွေကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် နိုင်ငံမှာ အစားအစာ စျေးနှုန်းတွေကိုပါ ထိုးတက်စေခဲ့ပါတယ်။

မိုးကြီးမှုနဲ့ ဆိုင်ကလုန်းတို့ကြောင့် ယမန်နှစ်အတွင်း အာရေးဗျကျွန်းဆွယ်မှာ ကျိုင်းကောင် ပေါက်ဖွားမှုကို မကြုံစဖူး ကြီးထွားစေခဲ့ကြောင်း ကုလသမဂ္ဂကလည်း ပြောထားပါတယ်။

ဒီ အင်းဆက်တွေဟာ အရှေ့အာဖရိက ကနေ အိန္ဒိယအထိ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် အကြီးအကျယ် ထိခိုက်စေပြီး ဗြောင်းဆန်စေခဲ့သလို ယခုအခါမှာတော့ ပါကစ္စတန်အထိပါ ရောက်ရှိပြီး ပျက်စီးမှုတွေ ဖြစ်ပေါ်စေလျက် ရှိတာဖြစ်ပါတယ်။

ကျိုင်းကောင် အကျပ်အတည်း ကြီးမားလွန်းတဲ့အတွက် အစိုးရဘက်ကလည်း နိုင်ငံမှာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ရသလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကိုပါ တောင်းခံထားခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly