အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှာ လေဆင်နှာမောင်း တိုက်လို့ လူ ၂၅ ဦး သေဆုံး

အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှာ လေဆင်နှာမောင်း တိုက်လို့ လူ ၂၅ ဦး သေဆုံး

မတ် ၄။             ။ အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှာ ယမန်နေ့ မတ်လ ၃ ရက်က အားပြင်းတဲ့ လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ် အဆောက်အအုံတွေနဲ့ ဓာတ်တိုင်တွေ ပျက်စီးပြိုလဲခဲ့တယ်လို့လည်း သိရပါတယ်။

ဒါဟာ အဆိုပါ အမေရိကန် တောင်ပိုင်းပြည်နယ်မှာ မတ်လ ၃ ရက် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်ေရွးကောက်ပွဲ မကျင်းပခင် နာရီပိုင်းအလိုမှာ ခုလို လေဆင်နှာမောင်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်ချိန်မှာ ဒေသခံတွေဟာ ထိတ်လန့်တကြား အသက်လု ထွက်ပြေးခဲ့ကြသလို လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေလည်း ရှိနေကြောင်း သိရပါတယ်။

ပြည်နယ်ရဲ့ မြို့တော် နက်ရှ်ဗီလီ မြို့မှာတော့ လေဆင်နှာမောင်းတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ခုချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်ပြီး တပ်ဖြန့်ထားပါတယ်၊ ပြည်နယ်တွင်းမှာ ယာယီခိုလှုံရေးစခန်းတွေကိုလည်း ဖွင့်ပေးထားပါတယ်၊ အဆိုးရွားဆုံး ထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေဆီ အရေးပေါ်အကူအညီပေးမယ့် ဝန်ထမ်းတွေ စေလွှတ်ထားပါတယ်” လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ်လီက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly