ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သုတေသနပြုလုပ်မှု တရုတ်သမ္မတ စစ်ဆေးကြည့်ရှု

By AFP
03 March 2020
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သုတေသနပြုလုပ်မှု တရုတ်သမ္မတ စစ်ဆေးကြည့်ရှု

မတ် ၃။          ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မတ်လ ၂ ရက်က ပေကျင်းမြို့မှာ ရှိတဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်နှစ်ခုကို သွားရောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ သုတေသန ပြုလုပ်မှုတွေကို ကြည့်ရှုစစ် ဆေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သိပ္ပံဆိုင်ရာ သုတေသန ပြုလုပ်မှုတွေကို ဆက်လုပ်သွားဖို့ကိုလည်း သမ္မတ ရှီက တိုက်တွန်းသွားခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ ပြည်ပကနေ နိုင်ငံတွင်းကို ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ်တွေ နိုင်ငံမှာ ဖြစ်ပွားမှု မြင့်တက်နေတယ်လို့ တရုတ် အာဏာပိုင်တွေက မတ်လ ၃ ရက်မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

ဗိုင်းရပ်စ် ပထမဆုံး စတင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကတော့ ယခုအခါမှာ ပြည်ပကနေ ပြည်တွင်းကို ဗိုင်းရပ်စ် ကူးစက်မှု ဝင်ရောက်နေတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြည်ပကနေ ပြည်တွင်းကို ရောက်လာတဲ့ ကူးစက်မှုဖြစ်စဉ် အသစ် ၁၃ ခု တွေ့ထားကြောင်း၊ အဆိုပါ ဖြစ်စဉ်တွေမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တရုတ်နိုင်ငံသားအားလုံးဟာ နိုင်ငံရပ်ခြားကနေ ပြည်တွင်း ကို ပြန်လာကြသူတွေဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃,၁၀၀ ကျော် သေဆုံးပြီး အခြား လူပေါင်း ၉၀,၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly