အစ္စရေးရွေးကောက်ပွဲမှာ အနိုင်ရကြောင်း နေတန်ယာဟု ပြောကြား

အစ္စရေးရွေးကောက်ပွဲမှာ အနိုင်ရကြောင်း နေတန်ယာဟု ပြောကြား

မတ် ၃။            ။ အစ္စရေးနိုင်ငံမှာ ယမန်နေ့ မတ်လ ၂ ရက်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ထုတ်ဖော်သွားခဲ့ပါတယ်။

ကနဦး ဆန္ဒမဲစစ်တမ်းတွေအရ ၎င်းဟာ အဓိက ပြိုင်ဘက် ဘန်နီ ဂန့်ဇ် အပေါ် အသာရနေတယ်ဆိုပြီး ထွက်ပေါ်ခဲ့ပြီးနောက် ခုလို အနိုင်ရရှိကြောင်း နေတန်ယာဟုက ထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် စွဲချက်တင်ခံထားရတဲ့ ဝန်ကြီးချုပ် နေတန်ယာဟုကတော့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းသွားနိုင်ဖို့ ရှိနေပါတယ်။

မတ်လ ၂ ရက် အစ္စရေး ရွေးကောက်ပွဲကတော့ ယင်းနိုင်ငံမှာ တစ်နှစ်အတွင်း တတိယမြောက် ပြုလုပ်ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ စက်တင်ဘာလ ရွေးကောက်ပွဲတွေမှာ မတင်မကျအခြေအနေတွေဖြစ်ပေါ်ပြီး နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ်အခြေအနေတွေအောက် ကျရောက်ခဲ့တဲ့အတွက် ယခုတကြိမ် ရွေးကောက်ပွဲကို ထပ်ခေါ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး တရားဝင် ရလဒ်တွေကိုတော့ မတ်လ ၃ ရက် နှောင်းပိုင်းကျမှ ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly