NLD ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်မှ ဒေါက်တာမျိုးညွန့်ကို ရုပ်သိမ်း

NLD ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်မှ ဒေါက်တာမျိုးညွန့်ကို ရုပ်သိမ်း

နေပြည်တော်၊ မတ်လ ၁၊

NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါက်တာမျိုးညွန့်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ရုပ်သိမ်းလိုက်ပြီး အဆိုပါသတင်းစကားကိုလည်း သတင်းမီဒီယာများထံ ကာယကံရှင်ကိုယ်တိုင်က ထုတ်ဖော်အသိပေးခဲ့ခြင်းဖြစ်သည်။

“ထူးခြားတာကတစ်ခုပဲရှိတယ်။ အဲ့ဒါက ဒီနေ့ ကျနော်က ဆရာဇော်မြင့်မောင်ကိုယ်စား ကြေငြာချက် ထုတ်တာ။ ဒါ ဘာလဲဆိုတော့ ကျနော်တိ့ု အဖွဲ့ချုပ်ရဲ့ အပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တစ်ယောက် တည်း လုပ်တော့မယ်။ အဲ့ဒီတော့ နောက်ပိုင်းပြောဖို့ဆိုဖို့အတွက်ဆိုရင် ဒေါက်တာဇော်မြင့်မော င်ပဲ ပြောပါတော့ မယ်လို့ ဒီနေ့ကတော့ ဆရာကျန်းမာရေးအရ ကျွန်တော် ဒီသတင်းစကားကို ပြောတာပါ။ ပြောရေးဆို ခွင့်ရှိသူက အရင် နှစ်ယောက်ကနေ တစ်ယောက်ပဲတာဝန်ပေးတော့တယ်။ CEC ဆုံးဖြတ်ချက်အရပါ။ ဒီနေ့ လည်း ကျနော်ပြောခွင့်မရှိတော့ဘူး” ဟု အစည်းအဝေးအပြီးတွင် ဒေါက်တာမျိုးညွန့်က ပြောသည်။

မတ်လ ၁ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် စီအီးစီ အစည်းအဝေး အပြီးတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။

ဆိုပါအစည်းအဝေးသို့ ကျန်းမာရေး မကောင်းသဖြင့် ဆေးဝါးကုသမှု ခံယူနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင့်လည်း တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကာလတွင် ၎င်းအနေဖြင့် အင်တာဗျူးများ ပေးမည်ဖြစ်ကာ ကြားကာလတွင် အချို့ကိစ္စရပ်များအတွက် သက်ဆိုင်ရာအလိုက်တာဝန်ပေးထားသူများကို မေးမြန်နိုင်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ ကျွန်တော် ကောင်းတဲ့အချိန်လေးတွေမှာ CEC လာတက်တယ်။ တက်နိုင်တဲ့အချိန်မှာ CEC တက်သလို အ စိုးရဖက်က တာဝန်တွေကို နည်းနည်းတာဝန်ပြန်ယူတာတွေလည်း ရှိတာပေါ့နော်။ နောက်ပိုင်း ရွေးကောက်ပွဲ နဲ့ ပက်သက်လာရင် Spoke person က ကျနော်ဖြစ်မယ်။ အဲ့ဒီကျရင်တော့ ကျနော် အင်တာဗျူးပေးပါမယ်” ဟု ဒေါက်တာဇော်မြင့်က မီဒီယာများကို ပြောသည်။

စီအီးစီအဖွဲ့ဝင် အပြောင်းအလဲ ရှိသလားဟု သတင်းထောက်များက မေးမြန်းရာ မရှိကြောင်း တက်ရောက်လာသူအချို့ကပြောသည်။ကင်ဆာဆေး ငါးကြိမ်သွင်းထားပြီး ခြောက်ကြိမ်ဆက်သွင်းရဦးမည် ဖြစ်ကာ ကင်ဆာဆေး သောက်သုံရသူများသည် အခြားရောဂါများ ကူးစက်လွယ်သည့်အတွက် လူစုလူဝေးနေရာများအား ရှောင်ကျဉ်ရန် ဆရာဝန်က မှာကြားထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly