ဖိလစ်ပိုင် ရှော့ပင်းမောတစ်ခုမှာ ဓားစာခံ ထိန်းသိမ်းမှု ဖြစ်ပွား၊ ၁ ဦး အပစ်ခံရ

ဖိလစ်ပိုင် ရှော့ပင်းမောတစ်ခုမှာ ဓားစာခံ ထိန်းသိမ်းမှု ဖြစ်ပွား၊ ၁ ဦး အပစ်ခံရ

မတ် ၂။          ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ရှိတဲ့ ရှော့ပင်းမောတစ်ခုမှာ မတ်လ ၂ ရက်က ဓားစာခံ ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဉ် တစ်ခု ဖြစ်ပေါ်လို့ လက်နက်ကိုင် ရဲတွေ ဖြန့်ကျက်ထားရတယ်လို့ သိရပါတယ်။
ယင်း စျေးဝယ်စင်တာမှာ စိတ်ချဉ်ပေါက်နေတဲ့ ဝန်ထမ်းတစ်ဦးက လူအုပ်စုတစ်စုကို ဓားစာခံဖမ်းဆီးထိန်းသိမ်းထားတာြဖစ်တယ်လို့ ဆိုပါတယ်။

မနီလာမြို့က V-Mall စျေးဝယ်စင်တာမှာ သေနတ်ပစ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် အလုပ်သမားတွေ၊ စျေးဝယ်သူတွေရဲ့ အော်ဟစ်သံတွေ ကြားခဲ့ရပါတယ်။  ယင်းနောက် အဆိုပါ နေရာကို လုံခြံုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားခဲ့ကြပါတယ်။

ယင်းစျေးဝယ်စင်တာရဲ့  လုံခြုံရေးဝန်ထမ်းတစ်ဦးက လူအယောက် ၃၀ ပါ အဖွဲ့တစ်ခုကို ဓားစာခံဖမ်းထားတာဖြစ်တယ်လို့ San  Juan city   မြို့တော်ဝန် Francis Zamora က ပြောပါတယ်။ ဒါ့အပြင် အနည်းဆုံး လူတစ်ယောက် ပစ်ခတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

“ ကနဦး သိရတာကတော့ သူ့ဆီမှာ လက်နက်တွေနဲ့ လက်ပစ်ဗုံးတွေပါ ရှိနေတယ်လို့ သိထားရပါတယ်၊ နောက်ပြီး အပစ်ခံရတဲ့ လူတစ်ယောက်ကိုလည်း ဆေးရုံကို ပို့ပေးထားရပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

ယင်းနောက် အာဏာပိုင်တွေက အဆိုပါ ဓားစာခံထိန်းသိမ်းထားတဲ့ သေနတ်သမားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ၎င်းသေနတ်သမားကတော့ အခြား အစောင့်တွေနဲ့ရော၊ မီဒီယာနဲ့ပါ စကားပြောချင်တယ်လို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

မြို့တော်ဝန်ရဲ့အဆိုအရ သေနတ်သမားဟာ အဆိုပါ ရှော့ပင်းမောကို လုံခြုံရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ သတင်းတွေ မသိရသေးဘဲ လက်ရှိမှာ ယင်းဧရိယာကို လုံခြုံရေးဝန်ထမ်းတွေက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly