အမေရိကန်၊ သြစတြေးလျနဲ့ ထိုင်း တို့မှာ COVID-19 ကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်စဉ်တွေ ဖြစ်ပွား

အမေရိကန်၊ သြစတြေးလျနဲ့ ထိုင်း တို့မှာ COVID-19 ကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်စဉ်တွေ ဖြစ်ပွား

မတ် ၁ ။              ။ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ပထမဆုံးအကြိမ်အဖြစ် လူတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီ သေဆုံးမှုကတော့ ဝါရှင်တန်ပြည်နယ်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားသူကတော့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို သေဆုံးမှုမျိုး နောက်ထပ် ဖြစ်လာနိုင်ဖွယ် ရှိပေမယ့် နိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

မတ်လ ၁ ရက်မှာ သြစတြေးလျနဲ့ ထိုင်းတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ ပထမဆုံး လူသေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Diamond Princess သင်္ဘောပေါ်မှာ ဗိုင်းရပ်စ် အကူးခံခဲ့ရတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး သြစတြေးလျနိုင်ငံမှာ သေဆုံးသွားခဲ့တယ်လို့  ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်း အသက် ၃၅ နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ယင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၅,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၃,၀၀၀ နီးပါး ရှိနေပြီလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly