အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်းဝင်သဘောတူညီချက် အမေရိကန်နှင့် တာလီဘန်တို့ လက်မှတ်ထိုး

အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်းဝင်သဘောတူညီချက် အမေရိကန်နှင့် တာလီဘန်တို့ လက်မှတ်ထိုး

မတ် ၁ ။                ။ အာဖဂန်နစ္စတန် စစ်ပွဲကို တစ်စတစ်စ လျှော့ချပြီး အဆုံးသတ်စေမယ့် သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်နဲ့ တာလီဘန်တို့ ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်က လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီ သဘောတူညီချက်အရ ၁၄ လအတွင်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ အလုံးစုံ ပြန်လည် ဆုတ်ခွာမယ့် အချိန်ဇယားတစ်ခုကိုလည်း သတ်မှတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ယခု သဘောတူညီချက်အရ တာလီဘန်တို့နဲ့ ကဘူးလ် အစိုးရအကြား ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကိုပါ ဦးတည်သွားစေမယ်လို့ မျှော်လင့်ရပါတယ်။

အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲကို လုံ့ဝဥသုံ ဆုံးခန်တိုင်သွားစေဖို့ ရှိပါတယ်။

ဒီ သမိုင်းဝင် သဘောတူညီချက်ကိုတော့ ယမန်နေ့က ကာတာမြို့တော် ဒိုဟာမှာ တာလီဘန် ကိုယ်စားလှယ် မူလာ ဘာရာဒါနဲ့ အမေရိကန် ညှိနှိုင်းရေးမှူးချုပ် ဇယ်လ်မေ ခာလီဇက်ဒ်တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ခုလို သဘောတူညီချက် ရရှိခဲ့ပေမယ့် တကယ်လို့ ဆိုးရွားတဲ့ အခြေအနေတွေသာ ပြန်ဖြစ်လာမယ်ဆိုရင် အမေရိကန်ဘက်က ယခင်အတိုင်း ပြန်လုပ်ရလိမ့်မယ်ဆိုပြီး သမ္မတ ထရမ့်က သတိပေးသွားပါတယ်။

ဒါ့အပြင် ယခု သဘောတူညီချက် လက်မှတ်ထိုးပြီးနောက်ပိုင်း တာလီဘန်ခေါင်းဆောင်တွေနဲ့ လူချင်းတွေ့ဆုံသွားဦးမယ်လို့လည်း ထရမ့်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly