တူရကီရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုအတွင်း ဆီးရီးယား စစ်သား ၃၀ ကျော် ကျဆုံး

တူရကီရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုအတွင်း ဆီးရီးယား စစ်သား ၃၀ ကျော် ကျဆုံး

ဖေဖော်ဝါရီ ၂၉။         ။ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း စစ်ဖြစ်နေရာ အီဒလစ်ပြည်နယ်မှာ သောကြာနေ့က တူရကီရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား ၃၁ ဦး ကျဆုံးကြောင်း သိရပါတယ်။

တူရကီက ဆီးရီးယား လက်ချက်ဖြစ်တယ်လို့ အပြစ်ဆိုထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တူရကီစစ်သား ၃၃ ဦး သေဆုံးပြီးနောက် ခုလို လက်တုံ့ပြန်တိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်.

အီဒလစ်ပြည်နယ်ရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ဆီးရီးယား စစ်တပ် တည်နေရာတွေကို ဒရုန်းနဲ့ အမြောက်တွေနဲ့ တူရကီက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အီဒလစ်ပြည်နယ်ဟာဆိုရင် သူပုန်တွေကို သုံးလနီးပါး ထိုးစစ်ဆင်ပြီး ဆီးရီးယားအစိုးရက ပြန်လည်လက်ရ သိမ်းပိုက်ထားတဲ့ ပြည်နယ်ပဲ ဖြစ်ပါတယ်။

တူရကီရဲ့ တိုက်ခိုက်မှုအတွင်း အီဒလစ်ပြည်နယ်မှာ ဆီးရီးယား အစိုးရတပ်က စစ်သား ၂၇ ဦး သေဆုံးပြီး အလီပိုပြည်နယ်မှာ လေးဦး သေဆုံးတာဖြစ်တယ်လို့ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

သောကြာနေ့က အီဒလစ်ပြည်နယ်က တိုက်ပွဲအတွင်း အရပ်သား မိသားစုဝင် လေးဦးလည်း သေဆုံးပြီး နှစ်ဦးက ကလေးငယ်တွေ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ယင်းစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

စစ်သားတွေ ကျဆုံးတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရက ထုတ်ပြန်လာခြင်း မရှိသေးကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly